III (Part 2)

76 7 0
                                    

Unicode Font

"ခင်ဗျား ဒီရက်ပိုင်း တော်တော်အားနေသလား"

ပုံမှန်ဆို တိုက်ပွဲတွေထဲ သွားပြီး ဒဏ်ရာအနည်းငယ်နဲ့ပြန်လာတဲ့သူက အခုတော့ အချိန်တိုင်းနီးပါး တွေ့နေရသည်။ ဟိုတစ်နေ့ညကလည်း သူ့ကို စာမတတ်ဘူး
ထင်လို့ စေတနာနှင့် သင်ပေးမလို့ကို အဲ့လူကြီး ကဥပဒေမေဂျာ ကိုရိုးရိုးတောင်မဟုတ်ဘူး ဝိဇ္ဇာ နှင့်ဘွဲ့ရတာကို သူများဆီက သိရသည်။

"တိုင်းပြည်နဲ့လူမျိုးအတွက်ပြီးရင် ကိုယ့်အတွက်လည်း
ကိုယ် စိတ်ချဖို့ဒီကကောင်လေး ကိုအချိန်ပေးပြီး
ကပ်မလို့"

"စိတ်မပူပါနဲ့ ခင်ဗျား အခုနေမကောင်းဖြစ်ရင် ချက်ချင်းကုပေးမှာပါ ကပ်စရာမလိုပါဘူး"

"အခုပဲမဟုတ်ဘူး ကိုယ့်ကိုကိုယ် တစ်ဘဝလုံးစာ
စိတ်ချချင်လို့ ကပ်နေရတာပေါ့"

အဓိပ္ပာယ်နားလည်သွားသော ဆရာဝန်လေး​၏
နားရွက်ဖျားလေးဟာနီရဲလို့လာသည်။

"လူလေးတို့ ဝေးတာကို ပြန်မနေပါနဲ့တော့ "

"မဟုတ်တာ အဘိုးရဲ့ ကျွန်တော့်ကြောင့်တခြားလူတွေအပိုဒုက္ခရောက်နေပါ့မယ် နေစရာ မရှိတာလည်း
မဟုတ်ဘူး ပြန်ပါရစေ"

နေနေကျ ပတ်ဝန်းကျင်နေရာက စစ်ဘေးရှောင်လာသော သက်ကြီးရွယ်အို တို့ခိုလုံရာ အရပ်ဆီ သွားတော့ ရာသီဥတုကြောင့် အအေးမိ နေသူများခပ်များများ။
တစ်နေကုန် လူနာတွေကြည့်ပေးတာပြီးတော့ မိုးချုပ်လို့နေပြီ။

"ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး နော်"

မိုးချုပ်နေတာကြောင့်
ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာကြသည်။

"နင်နေတဲ့နေရာ မှာ မီးဖွင့်ဖို့ ဘတ်မထရီ မကောင်းဘူးဆို
ပြန်မနေနဲ့တော့ လေ ဒီထဲက အစ်ကိုတစ်ယောက်ရဲ့နေရာမှာ ခဏအတူနေလိုက်ပါလား ၊ နင့်နေရာကနည်းနည်းလှမ်းတော့ မိုးချုပ်နေပြီဆိုတော့ ငါကစိုးရိမ်လို့"

သူငယ်ချင်းမလေးရဲ့အပြောကြောင့် နည်းနည်းတွေဝေသွားရသည်။ ကိုယ်စီကိုယ်စီ နေရာပြန်တော့
ကျွန်တော်ပဲနောက်ဆုံးကျန်ခဲ့မှာဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 09, 2021 ⏰

Add this story to your Library to get notified about new parts!

၂၁ရာစုတစ်ခု၏ နွေဦးငယ် (၂၁ရာစုတစ္ခု၏ နွေဦးငယ်)Where stories live. Discover now