"အဖေက အခုထိ နေမကောင်းသေးဘူးလား"
ကျောင်းဆင်းဆင်းချင်း ဂျူဟျွန်းနဲ့ အတူ ဈေးတန်းထဲ အတူ လိုက်လာမိတာ Lan ကိုတောင် မနှုတ်ဆက်ခဲ့လိုက်ရ။
"ကောင်းသွားပြီလေ ဘာလို့လဲ"
"ဂျူဟျွန်း အခုထိ ဆိုင်အတွက် လုပ်နေတုန်းမို့မေးကြည့်တာပါ"
ဘေးလွယ်အိတ်ကြိုးကို လက်ပြောင်းကိုင်လိုက်ကာ လွတ်သွားတဲ့ လက်ကို ဘောင်းဘီ အိတ်ထဲ ထည့်ထားလိုက်သည်။
"အဲ့တာက ငါကသူ့ကိုပြောထားတာပါ ဈေးသွားတာ ငါလုပ်ပေးမယ်ဆိုပြီး ဆူးလ်ဂီ နင်ဗိုက်ဆာနေပြီလား ဆွန်းဒယ်စားရအောင် လာ..."
လက်ကောက်၀တ်ကို ဆုပ်ကိုင်လာကာ ခပ်လှမ်းလှမ်းက ဆွန်းဒယ်ဆိုင်ဆီ ခေါ်သွားတဲ့ ဂျူဟျွန်း။
အမဲအူကို ကြိတ်ပြီး ထမင်းရယ် အဆာပလာတွေရယ်ရောထားတဲ့ စားစရာကို ဆူးလ်ဂီကတော့ တကယ်သဘောကျတယ်။ပူပူနွေးနွေးနဲ့ နူးအိတဲ့ ခံစားမှုက ဘာနဲ့မှ မလဲနိုင်သောဘဲ။
"ငါရှင်းမယ်နော်"
ဆူးလ်ဂီ ဆွန်းဒယ်ကို ပလုတ်ပလောင်းစားရင်းကြိုပြောထားလိုက်ရသည်။အခုတလော ဂျူဟျွန်းက သူ့ကိုယ်သူ အကြီးလိုလို လုပ်ပြီး ဆူးလ်ဂီကို ကလေးကို သဘောထားနေသည်ကို သဘောမတွေ့။
အမြဲ သူဘဲ ၀ယ်ကျွေးနေရအောင် ဂျူဟျွန်းက ဘီလ်ဂိတ်လည်းမဟုတ်။ဆူးလ်ဂီလည်း ၀ယ်ကျွေးချင်တာပေါ့ ဒီ မမလှလှကို။
"ဒါဘဲ ၀ယ်ကျွေးမှာလား ပြီးရင် ငါ ၀က်ချိုချဉ်စားချင်လို့ အဲ့တာပါ ၀ယ်ကျွေး"
ပိုက်ဆံအိတ်အပါးလေးထဲက ၀မ်တစ်သောင်းတန် ငါးရွက်က ဆူးလ်ဂီကို နှုတ်ဆက်နေသလိုလို။
စားလို့ပြီးသွားသဖြင့် ကျသင့်ငွေရှင်းရင်း ဆိုင်တန်းတွေဘက် ဆက်လျှောက်လာခဲ့ဖြစ်သည်။
"စာမေးပွဲပြီးရင် နှစ်ယောက်အတူ ခရီးထွက်ကြမလား ဂျူဟျွန်း"
"ခရီးလား?"
ရေဘဝဲတွေ ဂဏန်းတွေကို အထူးအဆန်းသတ္တဝါလို စိုက်ကြည့်နေရင်းမှ သူမဘက် လှည့်လာသည်။