သူတို့လည်း ပွဲနေရာကို ပြန်သွားတော့ လူတော့ စုံနေလို့
Jeon ကေတာ့ ပွဲကျင်းပရာ နန်းတော်ရဲ့ ပိုင်ရှင်မို့ လိုက်လံ ဧည့်ခံနေလေရဲ့ဂျွန်တစ်ယောက် သူဧည့်ခံနေတုန်း ကျောစိမ့်လာတော့ အနောက်လှည့်ကြည့်လိုက်တယ်
အင်းသူဘာမှ မတွေ့ဘူး ဒါနဲ့ဘဲ သူလည်း ငါမှားတာပဲ ဖြစ်မယ် ဘယ်သူမှလည်း မရှိပါဘူး ဆိုပြီး စိတ်ထဲမှာ တွေးလိုက်တယ်အဲ့ အချိန် ထယ်ယောင်းကတော့ ဂျွန်ရဲ့ ခမည်းတော် တချိန်က သူ့ ယောက်ခမ ဖြစ်ခဲ့ဖူးတဲ့ အဖေ နဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးလေရဲ့
သူ့ရဲ့ မယ်တော် ကတော့ သူတို့သောက်ဖို့ လက်ဖက်ရည်ကြမ်းယူလာပေးတယ်
ဒါပေမဲ့ သူ့စိတ်ထဲမှာ တော်တော်လေးကို မတင်မကျ ဖြစ်နေတယ်
သူမကောင်းတာ တခုခု ဖြစ်တော့မယ်ဆိုတာ သူသိနေပြီ
သူသိတဲ့အချိန်က အနည်းကယ်နှောင်းသွားပြီ ဖြစ်သည်ထယ် - ခမည်းတော် ကျွန်တော့ စိတ်ထဲမှာ မကောင်းတာ တခုခု ဖြစ်တော့မယ်လို့ ခံစားမနရလို့ ဟော်ခန်းထဲ ခနလောင် ဆင်းကြည့်ချင်ပါတယ်
အေး ငါလည်းလိုက်ခဲ့မယ်လေ
အဲ့တာနဲ့ပဲ သူတို့ သုံးယောက် ခပ်မြန်မြန် ဆင်းလာပြီး
နန်းတော်ရဲ့ ဟော်ခန်းရှေ့မှာတွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သူတို့ ဆွံ့အ သွားလေရဲ့သွေးရဲရဲအိုင်နေတဲ့ ကြမ်းပြင်နဲ့ သေဆုံးနေတဲ့ ဂျွန် နိုင်ငံရဲ့ ရဲမက်တွေ
ဒါတွေကိုတွေ့တော့ သူစိတ်အပူမိဆုံးက ဂျောင်ဂု
ဟုတ်တယ် ဂျောင်ဂု ဘယ်မှာလဲခမည်းတော်လည်း တော်တော် ထိန့်လန့်နေရှာတယ်
စားဖိုဆောင်ထဲ အသက်ရှင်ကျန်နေသေးတဲ့ စာဖိုးမှုးအချို့ကို တွေ့တော့
သူ အသည့်အသန် ဂျွန်ဘယ်မှာလဲ မေးနေတာ
ပြန်ဖြေတဲ့ အဖြေကြောင့် ဒေါသ ဟာထောင်းခနဲဂျွန့်ကို ဖမ်းသွားတာ
နဂါးမီးတောင်နိုင်ငံ က သူတို့ နှစ်နိုင်ငံရဲ့ ချစ်ကြည်မှုကို မနာလိုသူ
ထို့အပြင် အဲ့နိုင်ငံရဲ့ ဘုရင်က အသက် ၃၀ ကျော်
ပြီးတော့ ဂျွန် ကို ကြိုက်နေတဲ့ Psycho သမား
သူတို့နှစ်ယောက် ကွာရှင်းခဲ့တာလည်း သူ့ပယောဂနဲ့မကင်းဘူး
သူတို့နှစ်ယောက်က သူများပြောတာ အယုံလွယ်ပြီး မာနတွေကြောင့် ကွဲခဲ့ရတာ