Chapter 20 (Unicode)

7.1K 455 7
                                    

Chapter 20

မနက်ခင်း ကျွန်တော် နိုးလာတော့ Mcqueen က မီးဖိုထဲတွင် မနက်စာ ပြင်နေလေသည် ။

ကျွန်တော့်ကို မြင်သည်နှင့် တန်းပြီး နှုတ်ဆက်သည် ။

" Edd ရေ... မောနင်း... ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား... "

" အိပ်ပျော်ပါတယ်... ကျေးဇူးပါဗျ... "

" ကိုယ် မနက်စာ ပြင်နေတယ်... မနက်စာ စားပြီးမှ ပြန်လေ... နော်... "

" ဟင့်အင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" ဟင့်အင်း... မစားတော့ဘူး ... ကျွန်တော် မိုးတိတ်တုန်း ပြန်လိုက်တာ ပိုကောင်းလိမ့်မယ်... "

Mcqueen က ကောင်းကင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ သဘောတူသည် ။

" အင်းလေ... မိုးတိတ်တုန်း ပြန်လိုက်တာလည်း ကောင်းတော့ကောင်းပါတယ်... မဟုတ်ရင် ကားတွေ မတရားပိတ်မှာ... "

  ကျွန်တော် ပြန်ဖို့ Mcqueen က တံခါးဝနားအထိ လိုက်ပို့သည် ။

" ဂျနီဖာက Editing ကို သေချာလုပ်ပေးနေတယ် ဆိုတော့ ဒီ လာမယ့် ကြာသပတေးဆိုရင် Edd ပါတဲ့ အပိုင်း တင်ဖြစ်လိမ့်မယ်... "

ကျွန်တော် မျက်နှာ အောက်ချပြီး ခေါင်းညိတ်ပြလိုက်သည် ။

" ဒါက Edd ရဲ့ ပထမဆုံး Bottom အတွေ့အကြုံ ဆိုပေမယ့် အများကြီး မတွေးနေပါနဲ့... ကိုယ်လည်း မရိုက်ရတာ ကြာပြီမို့ စိတ်ပါလက်ပါ ရိုက်ဖြစ်သွားတယ်... "

ကျွန်တော် Mcqueen ကို ဘာပြန်ဖြေရမှန်း မသိသောကြောင့် ဟုတ်ကဲ့ဟုသာ ပြောလိုက်သည် ။

ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် Bottom နေရခြင်းအပေါ် ကြိုက်သည် မကြိုက်သည်ဟု မတွေးနိုင်ဘဲ ရှိနေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now