(1),
[Unicode]
ကိုရီးယားနိုင်ငံရဲ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ လုံခြုံရေးဝတ်စုံလေးနဲ့ခရီသွားဧည့်သည်တွေအားလုံးကို ဦးညွှတ်ပြီးအပြုံးလေးနဲ့ကြိုဆိုနေတဲ့ကောင်လေးတစ်ယောက်ရှိသည်။
ခရီးသွားပြည်သူတွေရဲ့အကြည့်တွေကလည်း ထိုကောင်ငယ်လေးစီမှာသာဝေ့ဝဲနေသည်။ သန့်ပြန့်ပြီးနုဖက်နေတဲ့ရုပ်ရည်လေးက လုံခြုံရေးဝတ်စုံနဲ့နည်းနည်းလေးမှပင်ဆက်ဆက်မှုမရှိ။ သို့သော်ထိုကောင်လေးကတော့ပျော်နေသယောင်ပင်....။ ထိုကောင်လေးနာမည်က ကင်မ်ထယ်ယောင်း တဲ့...။
" ခါးပိုက်နှိုက် ခါးပိုက်နှိုက် ကျမအိတ်ကိုလုသွားလို့...!! "
လေယာဥ်ကွင်းထဲကနေပြေးထွက်လာတဲ့ အန်တီကြီးတစ်ယောက်ရဲ့အော်သံကြောင့် ထယ်ယောင်းခါးပိုက်နှိုက်လို့ထင်ရသူနောက်ကိုပြေးလိုက်သွားပြီး မှီတော့ခါးပိုက်နှိုက်ရဲ့လက်တစ်ဖက်ကိုဆွဲကာ မြေပြင်ပေါ်သို့ပစ်ပေါက်လိုက်ပြီး ထိုသူရဲ့လက်နှစ်ဖက်ကိုအနောက်ဖက်မှာကြက်ခြေခက်ပုံချုပ်လိုက်ကာ ခါးပေါ်ကိုဒူးခေါင်းနဲ့ဖိထားလိုက်သည်။
" ဒီလိုနေရာမျိူးမှာ ခါးပိုက်နှိုက်ရဲတာနည်းတဲ့သတ္တိတော့မဟုတ်ဘူး ဘယ်မှာလဲအန်တီကြီးပိုက်ဆံအိတ် ''
" ငါမဟုတ်ဘူး ဖယ်စမ်း လွှတ် ''
အချုပ်ခံထားရသူစီကထွက်လာတဲ့စကားကြောင့် ထယ်ယောင်းမျက်မှောက်ကျုတ်လိုက်သည်။ အတွေးထဲတွင်လည်း လက်ပူးလက်ကြပ်မိတာတောင်ငြင်းချင်နေတယ်လို့တွေးလိုက်ပြီး ထပ်ပြောဖို့အလုပ် အနားကိုခုနကအန်တီကြီးရောက်လာပြီး
" အမယ်လေး ...မောလိုက်တာ ...မှီလိုက်လားကောင်လေးတို့ ''
အန်တီကြီးကပြေးလိုက်လာလို့မောဟန်ရှိသည်။ လေကြောတောင်သိပ်မဆက်ချင်။ သူလည်းသူ့အောက်မှာလဲနေတဲ့ ခါးပိုက်နှိုက်ဆိုသူကို ထူလိုက်ပြီး
" ဒီမှာအန်တီ ''
အန်တီကြီးက ထိုသူကိုကြည့်ပြီး
" သူမဟုတ်ဘူးကောင်လေး အဲ့ကောင်လေးကလည်းအန်တီကိုကူညီတာ ''
အန်တီကြီးစကားကြောင့်ထယ်ယောင်းသူချုပ်ထားတဲ့ကောင်လေးကို အားနာသွားသည်။ ထို့နောက် တခြားဘက်မှာမိပြီဆိုတာကြောင့် အန်တီကြီးကထွက်သွားသည်။ ကျန်ခဲ့တာကသူနဲ့ထိုကောင်လေးနှစ်ယောက်ထဲသာ ။ သူလုပ်လိုက်လို့ကြေသွားတဲ့ ကောင်လေးရဲ့အကျီကို လက်လေးနဲ့အသာသပ်ပေးလိုက်ပြီး သွားပေါ်တဲ့ထိရီပြလိုက်ကာ
YOU ARE READING
'𝑱 '
FanfictionMain characters >Jeon Jung Kook >Kim Tae Hyung start date - 28.5.2021 end date - 🖤KookV🖤