Episode (5)

158 10 4
                                    


တော်တော်များများကတော့ရေရှည်မှာအချစ်တစ်ခုတည်မြဲသွားဖို့ဆို နားလည်မှုနဲ့သံယောဇဥ်ကိုအခြေ
တည်ပြီးတည်ဆောက်သွားသင့်တယ်လို့ခံယူထားကြတယ်။ရှောက်လိချန်အတွက်ကတော့ သူဘာကိုမှ
မခံယူထားဘူး။ထန်မုရန်သူ့ကိုချစ်နေဖို့ပဲ။ ဟုတ်တယ် မုရန်ကသာသူ့ကိုချစ်နေမယ်ဆိုနားလည်မှုရောသံယောဇဥ်ရောကအရေးမပါဘူး။ သူတို့တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင်ရပြီပဲ။

လောလောဆယ်တော့ ထန်မုရန်ကမျက်ခုံးနှစ်ခုကို
ထိစပ်မတက်တွန့်ချိုးထားပြီး ဆူပုတ်နေတော့တယ်။ ရှောက်လိချန်ကထန်မုရန်ရဲ့ပခုံးလေးပေါ်မေးလေးတင်လိုက်ရင်း သူ့ကောင်လေးရဲ့မျက်နှာကို အသေးစိတ်ကြည့်နေမိတယ်။ ပါးဖောင်းဖောင်းလေးပေါ်ကမမြင်နိုင်လောက်အောင် သေးဖွဲလွန်းတဲ့အမွှေးမျှင်လေးတွေ
ကစလို့ သူစိတ်ဆိုးရင်ခပ်စူစူလေးဖြစ်နေတက်တဲ့ နှုတ်ခမ်းလေးကအစအရမ်းချစ်စရာကောင်းတယ်။

ပြီးတော့ဒီနေ့ကအရမ်းနေသာနေတာကြောင့် ချစ်သူတွေအတွက်လည်လို့ပတ်လို့ကောင်းတဲ့အချိန်ကောင်းလေးလဲဖြစ်ပြန်တယ်။

"ရှောက်လိချန်.. မင်းငါ့ကိုဒီပန်းခြံကနေပြီးတခြား
တစ်နေရာခေါ်သွားဖို့အစီအစဥ်မရှိဘူးလား.. ''

"ဟင့်အင်း.. ကိုယ်ကမင်းကိုဖွက်ထားချင်တာ
ဘယ်သူမှမမြင်ရအောင်.. ''

သူ့ပခုံးတွေကိုဖက်ထားတဲ့ လိချန်ရဲ့လက်ကိုကိုက်ဆွဲရင်းထန်မုရန်အော်ငေါက်မိတော့တယ်။

"အား.. အား.. အားး.. ထန်မုရန် မင်းတော်တော်ရက်စက်တာပဲ.. အဲ့လောက်တောင်ကိုက်ရလား..
မင်းကခွေးလား.. ''

"ဘာ.. !!''

"အယ်.. အယ်.. ကိုယ်စကားမှားသွားပါတယ်ကွာ..
မင်းကအရမ်းကိုက်တာကိုးကွ''

သူဒီအရူးကိုဘယ်လိုလုပ်မှကျပ်ပြည့်မယ်မှန်း
မသိတော့ဘူး။မနက်ခင်း၅နာရီထဲက လမ်းလျှောက်ထွက်မယ်ဆိုပြီး သူ့ကိုနှိုးတယ်။ နောက်တော့ အဝတ်အစားတွေပါကောက်လဲခိုင်းပြီးခုပန်းခြံမှာ
ထိုင်နေတာ မနက်၉နာရီပဲရှိနေပြီ။ ဘယ်မှာလဲ
သူ့အတွက်မနက်စာ ။ ဘာတစ်ခုမှစီစဥ်ထားတာမရှိပဲ
ပန်းခြံမှာပဲ ငုပ်တုတ်လာထိုင်နေရတဲ့အပြင် လူကိုမှီတွယ်ပြီးဖက်ထားတာ ရုန်းဖို့တောင်အားကုန်နေမိပြီ။

Uncontroable LoveWhere stories live. Discover now