🌸30🌸(Part1)

18.5K 1.8K 188
                                    

December 25...
Christmas.......🤍

ကျောင်းပိတ်ရက်လည်းဖြစ်...
ခရစ်စမတ်နေ့လေးလည်းဖြစ်တာကြောင့်
တချို့ကတော့ အဆောင်မှာမရှိကြတော့အိမ်ပြန်ကာ
မိသားစုတွေနဲ့အတူတူ ပျော်ရွှင်စရာအချိန်လေး
တွေကိုဖြတ်သန်းနေကြသည်။

မိသားစုနဲ့အနည်းငယ်အလှမ်းဝေးနေသော
လူနှစ်ယောက်အဖို့ကတော့
အရင်နှစ်တွေတုန်းကလို ခရစ်စမတ်မှာမိသားစုနဲ့
မပျော်ရွှင်ရခြင်းကို တမြေ့မြေ့ခံစားမနေတော့ဘဲ
ကျောင်းအဆောင်အခန်းထဲ အေးဆေးစွာပင်
အနံ့ဖယောင်းတိုင်လေးတွေထွန်းနေသည်။

အဖေကဘာကြောင့် ခရစ်စမတ်တောင်
မရှိရတာလဲ။
အမေက ဘာကြောင့်လောင်းကစားဝိုင်းမှာပဲ
ရှိနေရတာလဲ။
Yoongi ဒီနှစ်တော့ပူလောင်စရာတွေအပေါ်
သပ်အာရုံမထားမိတော့...။
အိမ်လည်းမပြန်ဘဲ ရောက်ချင်နေရာရောက်
ပျော်ရာလုပ်နေကြတဲ့အပေါ် အပင်ပန်းခံ မခံစားနေ
Christmas Tree တခုဝယ်ကာအလှဆင်နေသော
ကောင်လေးကိုသာကူညီပေးနေလိုက်သည်။

"ကြယ်လေးကို..ဒီနားလေးမှာချိတ်လိုက်....."

"ကျတော့်ကို ပြပါအုန်း....အရမ်းကြီးမကပ်နဲ့လေ"

"Tan ငြိမ်ငြိမ်နေပါ ...."

"Hey..အဲ့တာမုန့်မဟုတ်ဘူး သားရေ..."

လှုပ်လှုပ်ရှားရှား စိတ်ပါလက်ပါလေး
အလှဆင်နေသောTaeHyung သည်
ဒီဇင်ဘာဟာသူရဲ့မွေးလဖြစ်တာကြောင့်
သိပ်နေပျော်သည်ဟုဆိုသည်။

"ပြီးခဲ့တဲ့ခရစ်စမတ်တုန်းကတော့
တစ်ယောက်ထဲပဲ....ကိုကိုရှိတုန်းက
တော့....တညလုံးလျှောက်လည်ဖူးတယ်...
အရမ်းပျော်စရာကောင်းတာပဲ...."

"မင်းခုသူ့ကိုသတိရနေတာလား...."

"အချိန်တိုင်းသတိရနေတာပါ....
ကျတော်ဘယ်တော့မှမေ့မနေခဲ့ပါဘူး...."

"အင်း......"

"MinYoongi Hyungက
လူတွေကို သေသွားရုံနဲ့
အလွယ်တကူမေ့ထားပစ်လို့ရနိုင်လို့
ထင်နေတာလား......"

"မဟုတ်ပါဘူး....ကိုယ်ကမေးကြည့်ရုံပါ
ကိုယ်စကားမှားသွားတယ် ...."

ပန်းနုရောင်သမုဒ္ဒရာ🌸Wo Geschichten leben. Entdecke jetzt