our childhood

103 6 0
                                    


မျက်လုံးဖွင့် ဖွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ထူးဆန်းနေတယ် ဆေးရုံကို အပြေးအလွှား သွားခဲ့တာ ဆေးရုံကုတင်ပေါ်မှာ Mako chanကို တွေ့လိုက်ရတာ နောက်တော့ ငါ မေ့လဲသွားတာရယ်အထိ မှတ်မိတယ် ဒါပင်မဲ့ တကယ်တော့ ငါက ငါ့အခန်းထဲမှာပဲ အိပ်ပျော်နေခဲ့တာလား

အခန်းထဲကနေ အပြင်ထွက်လာတော့ လောကကြီးက ပုံမှန်အတိုင်းပဲ အိမ်မက်ထဲမှာ Alan nii chan ပြောသွားတဲ့ စကား‌တွေကိုတော့ အသေအချာ မှတ်မိနေသေးတယ်

~~~~~~~Itsuki's POV~~~~~~~~

ငါက ရွေးချယ်စရာမရှိဘဲ ရလာတဲ့ ကလေးတစ်ယောက် ထင်တယ် ဒါပင်မဲ့ မေမေက Itsukiဆိုတဲ့ နာမည်လှလှလေး ပေးထားပြီးတော့ ငါ့ကို အရမ်းချစ်တယ် အရမ်းအလုပ်ကြိုးစားတဲ့ မေမေက သူနဲ့ လုံးဝဆန့်ကျင်ဘက် ငါ့ဖေဖေနဲ့ တွေ့ပြီး ငါ့ကို မွေးခဲ့တယ် ဖေဖေနဲ့ မေမေက ဘာလို့ ခဏခဏ ရန်ဖြစ်ကြတာလဲဆိုတာ ငါ့ရဲ့ ဦးနှောက်သေးသေးလေးနဲ့ မစဉ်းစားတတ်ခဲ့ဘူး

အဲ့အထိ အဆင်ပြေသေးပင်မဲ့ မေမေက ရုတ်တရက် သူ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရတယ် ‌အိမ်လခတွေရော ငါ့ကို စောင့်ရှောက်ဖို့အတွက်ရော မေမေ့မှာ အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်

ငါ့ရဲ့ ပထမဆုံးမှတ်ဉာဏ်ထဲမှာ မှတ်မိနေတာတွေက ဖေဖေနဲ့ မေမေရန်ဖြစ်နေတဲ့ ပုံရိပ်တွေချည်းပဲ ဖေဖေက မကြာခဏဆိုသလို အိမ်ပေါ်က ဆင်းသွားတတ်တယ် ငါ့အတွက်တော့ ဖေဖေအိမ်မှာ မရှိတဲ့ နေ့တွေက ပျော်စရာအကောင်းဆုံးပဲ ‌ဖေဖေအိမ်မှာ မရှိရင် ဖေဖေ့ကြောင့် မနက်အစောကြီးလည်း ငိုနေတတ်တဲ့ မေမေ့ပုံရိပ်တွေ မမြင်ရတာ တကယ်ကောင်းတယ်

ငါတို့ မိသားစုက ငွေရေးကြေးရေး အမြဲကျပ်တည်းနေတတ်တယ် ဆိုတာကို ကလေးပဲရှိသေးပင်မဲ့ ငါနားလည်ခဲ့တယ် အဲ့တာကြောင့်မို့ တခြားကလေးတွေလို ဟိုဟာလိုချင်တယ် ဒီဟာလိုချင်တယ်ဆိုပြီး မေမေ့ကို ဘယ်တုန်းကမှ မပူဆာခဲ့ဖူးဘူး

လေးတန်းတက်ရမယ့်နှစ်မှာ မေမေက ဖေဖေနဲ့ ကွာရှင်းလိုက်တယ်

"Itsuki...မေမေလည်း သားနဲ့ မခွဲချင်ပါဘူး ဒါပင်မဲ့ သားလည်း သိတဲ့အတိုင်း မေမေ သားဖေဖေနဲ့ ကွာရှင်းလိုက်ပြီ အလုပ်တွေလည်း အများကြီး လုပ်ရမှာမို့လို့ အခုချိန်မှာ သားနဲ့ အတူတူ နေလို့ မရတော့ဘူး သားရဲ့ အဖွားဆီမှာ ခဏလေး သွားနေလိုက်နော် မေမေ သေချာပေါက် သားကို ပြန်လာခေါ်ပါ့မယ်"

もう一度君と踊りたい - Myanmar TranslationWhere stories live. Discover now