⛓️My Marster⛓️

16.4K 845 613
                                    

Unicide

ကျိမ်းစပ်နေတဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန် မြင်လိုက်ရတဲ့မျက်နှာကျက်ဟာ ကိုယ်နဲ့ရင်နှီးမနေ...အခန်းအနေအထားကို လှည့်ပတ်အကဲခတ်တော့ အရာရာဟာ စိမ်းသက်လို့နေသည်...

ခန္ဓာကိုယ်ဟာ တခုခုလစ်ဟာနေသလိုခံစားနေရတာမို့ ပြန်ကြည့်မိစဥ် ကိုယ်ပေါ်မှာအဝတ်အစားတွေရှိမနေ...အလန့်တကြား ထထိုင်မည်လုပ်စဥ် လက်ကောခြေထောက်ပါ တင်းကျပ်စွာချည်နှောင်ခံထားရတာကြောင့် ကြောက်စိတ်တွေစိုးမိုးလာသည်...

- အ အပြင်မှာ ဘယ်သူရှိလဲ

- ကျနော့် ကူညီကျပါ

ဂျလောက်! ကျွီ~

တံခါးဖွင့်ကာ ဝင်လာတဲ့သူကိုမော့ကြည့်မိတော့ ယောက်ျားတစ်ယောက်ဖြစ်နေသည်...တော်တော်ခန့်တယ်...မျက်နှာဟာ ဟိတ်ဟန်အပြည့်ရှိတယ်...တည်တည်ငြိမ်ငြိမ်အသံနဲ့ပင် ထယ့်ကိာစိုက်ကြည့်ကာ

- ကိုယ့်ရဲ့အလှလေးတောင် နိုးလာပြီပဲ

- အမ် အ အလှလေး ဘယ်သူ့ကိုပြော

- မင်းကိုပြောနေတာ အလှလေးရဲ့

- ဟင် ဘာတွေပြောနေတာလဲ ကျနော်ခင်ဗျားကိုမသိဘူးနော်

- ဒါပေမယ့် ကိုယ်မင်းကိုသိတယ်လေ ခုချိန်ကစပြီး မင်းကကိုယ့်အပိုင်ပဲ ဖျောက် ဖျောက်

ဟန်ပါပါနဲ့ လက်ဖျောက်နှစ်ချက်တီးလိုက်သည်...အပြင်က ဝတ်စုံနက်နဲ့လူနှစ်ယောက် ဝင်လာသည်...

- သူ့ကို ဟိုတိုင်မှာ ချည်ထားလိုက် မနာစေနဲ့

- ဟင် ဟင့်အင်း ဘာလုပ်ကြမလို့လဲ

ထယ်ကအတင်းရုန်းနေသည်မို့ မနည်းဆွဲခေါ်ကာ အခန်းအလယ်တည့်တည့်က သူပြောတဲ့တိုင်မှာ ထယ့်လက်တွေကိုမြောက်ကာကြိုးနဲ့ တင်းနေအောင်ချည်လိုက်ကြသည်...

- အာ့!

ထယ်အနည်းမျှနာသွားသည်မို့ အသံထွက်မိသွားသည်...ဒါကို

- ကျစ် မနာပါစေနဲ့ဆို ဖြောင်း ဖြောင်း

ထိုဟိတ်ဟန်အပြည့်ရှိသူက ထယ့်လက်ကိုကြိုးနဲ့ချည်နေတဲ့နှစ်ယောက်ကို လက်ပြန်နဲ့မိတ်ဆက်ပေးလိုက်ခြင်းပင်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now