P_1

1.7K 156 106
                                    

‌"ပျင်းလိုက်တာ ဝါး..."

မနက်အိပ်ရာထကတည်းက သမ်းနေလိုက်တာ တဝါးဝါးနဲ့ပဲ။ သမ်းပါများတော့ မျက်ရည်တွေပါထွက်လာတယ်။ မျက်ရည်ကျတော့ နှာရည်ကပါ အလိုလိုကျလာရော။
အရည်ယိုအရည်ကျအောင် ပျင်းတယ်ဆိုတာ ဒါမျိုးကိုပြောတာထင်တယ်။ မတတ်နိုင်ဘူး ဟုတ်နေတာပဲဆိုတော့။ ကိုယ်တင်ပျင်းတာမဟုတ်ဘူး၊ အိမ်မှာမွေးထားတဲ့ ခွေးလေးဂျက်ဂျက်ကပါ ကျွန်တော့်လိုပဲ တဝါးဝါးနဲ့သမ်းပြနေတယ်။

ကိုကိုခရီးထွက်သွားတာ တစ်ရက်ရှိပြီ။ ကိုကိုမရှိတော့ အရမ်းပျင်းစရာကောင်းတာပဲ။ ဘာမှလည်းချက်မစားချင်လို့ ကိုကိုခရီးမထွက်ခင်က ဝယ်ပေးသွားတဲ့ အသားတွေ၊ အရွက်တွေက ဒီအတိုင်း။

အသားဆိုလို့ ကိုကိုသွားကတည်းက ရေခဲသေတ္တာပိတ်ထားတာ ခုထိမဖွင့်ရသေးဘူး။
အသားတွေကောင်းသေးရဲ့လားမသိဘူး။ သွားကြည့်ဦးမှပါလေ။

ပျင်းတိပျင်းရွဲနဲ့ ရေခဲသေတ္တာဆီကို ကျွန်တော်သွားလိုက်ပြီး ဖွင့်ကြည့်လိုက်တယ်။

အားပါးပါး.... နံလိုက်တာ မွှန်ထူနေတာပဲ...

ချက်ချင်းကိုပျို့တက်လာပြီး အန်ချင်စိတ်ပေါက်လာတယ်။ ဘာတွေကများနံနေတာလဲဆိုပြီး ရှာကြည့်လိုက်တော့ ကိုကိုဝယ်ပေးထားတဲ့ အမဲသားက အနံ့ထွက်နေခြင်းဖြစ်တာကို တွေ့ရတယ်။

မဖြစ်... မဖြစ်... တော်ကြာအနံ့တွေစွဲကုန်မှဖြင့် အဆူခံနေရမယ်။ အပြင်ထုတ်ထားမှပါလေ။

အမဲသားပြားလေးကိုအပြင်ထုတ်ပြီး ကြည့်လိုက်တော့ အမဲသားပြားပေါ်မှာ ရွစိရွစိနဲ့ ဘာလေးတွေလဲမသိဘူး။ သေချာအနီးကပ်ကြည့်လိုက်မှ အဲ့ဒါက လောက်ကောင်လေးတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။

"ဝေါ့.."

မရတော့... ကျွန်တော်အရမ်းကိုအန်ချင်သွားတာကြောင့် အမဲသားပြားပေါ်ကို အန်ချမိသွားတယ်...

ဟာကွာ... ကြမ်းတိုက်ရမှာပျင်းပါတယ်ဆိုမှ...
ပြီးတော့ အဲ့ဟာကြီးကိုမကိုင်ချင်ဘူး... မြင်ရင်ထပ်အန်ချမိလိမ့်မယ်... တော်ပြီကွာ နောက်မှရှင်းလိုက်တော့မယ်...

You've reached the end of published parts.

⏰ Last updated: Oct 04 ⏰

Add this story to your Library to get notified about new parts!

အာပေတူး / အာေပတူးWhere stories live. Discover now