Part-6

3.7K 438 3
                                    

Zawgyi.....

"ငါရတယ်လို့ သွားပါတော့ဆိုကွာ"
"တကယ်ရလို့လား...ကျွန်တော် hyung ရဲ့နေရာထိ လိုက်ပို့မယ်လေ"
"ဟိတ်ကောင် ငါ့ကိုမူကြိုကလေးများ မှတ်နေလား"
"မူကြိုကလေးကမှ park jimin ထက်အရပ်ရှည်ဦးမယ်"
"ဘာကွ"
"ဟဲဟဲ ဘာမှမဟုတ်ဘူးစတာ..
အဲ့ဒါဆို ကျွန်တော်သွားပြီနော်"

ပြောင်ချော်ချော်နဲ့ ပြေးထွက်သွားသော JEON jungkook ဆိုတဲ့ ယုန်ပေါက်လေးက ကျောင်းမှာ senior တန်း junior တန်းကအစ ဟိုဘက်ကျောင်း
ဒီဘက်ကျောင်းက ပျိုမဒီတွေပါမကျန် သဲသဲလှုပ်ရသော နှင်းဆီခိုင်ကြီး

သူတို့သဲသဲလှုပ်ရသည့် တစ်မိုးအောက်တစ်ယောက် JEON jungkook က ကုတင်ပေါ်ကပြုတ်ကျ၍
ထိခိုက်မိသော ပဝေနသီက ဒဏ်ရာအား
ခုထိတသသလုပ်ကာ Park jimin ဆိုသည့် အစွာကြောလေးအား အခန်းပေါက်ဝရှေ့ထိ တတွတ်တွတ်ပြော၍ လိုက်ပို့နေသည့်အဖြစ်အား သေချာသာသိရင်
သွေးအန်သေကြလိမ့်မည်..

Park jimin တို့ကတော့ ဤဖြစ်အင်အား ဂုဏ်ဆာစွာဖြင့် ချေမိုးဆဲ..

"ဟို...ဟိုဟာလေ..jimin na"

ထူးထူးခြားခြား ကိုယ့်ကို စကားတွေဘာတွေ
စပြီးလာပြောနေတဲ့သူကို သိချင်စိတ်ဖြင့်
မော့ကြည့်လိုက်တော့ lee yura
သေချာပြောရရင် သူ မပါတဲ့တစ်ကျောင်းလုံးက သတ်မှတ်ထားတဲ့ Queen
ပုံမှန်ဆို သူမဆိုတဲ့ Queen က Park jiminဆိုတဲ့လူကို ရှိမှန်းတောင်သိရဲ့လား
အေးလေ.. Park jimin တို့ကလဲ JEON jungkookဆိုတဲ့ လူသားကလွဲရင် ဘယ်သူ့ကိုမှ အဖတ်မလုပ်တော့ ဘယ်သူမှလဲ
ပြန်အရေးတယူမလုပ်တာ မဆန်းပါဘူး

ပြော ဟူသော သဘောနဲ့ မေးဆတ်ပြလိုက်တော့ ရှေ့တည့်တည့်ကခုံမှာ
တုန်တုန်ရီရီဖြင့် လာထိုင်သည်
!!!wt.. ငါကအဲ့လောက် ကြောက်စရာကောင်းနေလို့လား

"Jimin na..ငါက yura လေ ငါ့ကိုသိတယ်မလား"
"အေး"
"ငါအကူအညီတောင်းစရာလေး ရှိလို့ပါ"
"အကူအညီလေးတစ်ခုလောက် တောင်းလို့ရမလားလို့ မေးသင့်တာမလား"

အဲ့လိုဟာမတွေက အဲ့လိုချေထားမှ ဝော်ရာကျတာ

"အော်...အေး..အေးပါ အကူအညီလေးတစ်ခုလောက်တောင်းလို့ရမလားဟင်"
"ပြောကြည့်"
"ဟိုလေ.. jungkook နဲ့နင်နဲ့က အရမ်းရင်းနှီးတာလားဟင်"
"အဲ့တာနင်နဲ့ဘာဆိုင်လဲ"
"ဟိုလေ..ငါ jungkook ကိုစိတ်ဝင်စားနေလို့ပါ"
"အဲ့တာဆို သူ့သွားပြောလေ ငါနဲ့ဘာဆိုင်လို့လဲ"
" Jungkook ကနင်ကလွဲပြီး ဘယ်သူနဲ့မှ မရောဘဲ"
"အဲ့တော့"
"ဒီစာလေးလေ..သူ့ကိုတစ်ဆင့် ပေးပေးလို့ရလားဟင်"
"......."
"လုပ်ပါဟာ ကျေးဇူးပြုပြီး ကူညီပေးပါဟာ
ငါသူ့ကိုကြိုက်လာတာ အရမ်းကြာနေပြီမို့ပါ"
"အေး ထားခဲ့"
"နင်တကယ်ပြောတာလား"
"စနေတဲ့ပုံပေါက်လို့လား"
"မဟုတ်ပါဘူးဟာ...ဒါဆိုကျေးဇူးတင်ပါတယ် စိတ်ချမယ်နော်"

Deliverance( Completed)Where stories live. Discover now