Part - 5

1K 109 2
                                    

(Zawgyi)

"Jungkook ရေ... အဲဒီ့မုန်လာဥတွေက ဟင်းချက်ဖို့်လုပ်ထားတာ... လျှောက်မကိုက်နဲ့လေ"

မီးဖိုခန်းထဲလာရှုပ်နေတဲ့ အရှုပ်ကောင်လေးကို ဒေါသမပါဘဲအော်နေတဲ့ Jin ရဲ့အသံ...။

"နေဦးလေ Jungkook ရဲ့.. ဒီမှာ Hyung ရဲ့သင်ခန်းစာက မပြီးသေးဘူးလေ... ဘယ်ထထွက်သွားတာလဲ...??"

အင်္ဂလိပ်စာသင်ပေးနေရင်းတန်းလန်းကနေ ဆက်မသင်တော့ဘဲ ဟိုလိုလိုဒီလိုလိုနဲ့ထထွက်သွားတဲ့ ကောင်စုတ်လေးကို လှမ်းအော်နေတဲ့ Joon ရဲ့အသံ...။

"Jungkookie အပြင်မှာသွားဆော့နေစမ်းပါ... Hyung အိပ်ရေးမဝသေးဘူးဆိုမှ"

အအိပ်နဲ့အစားဆို အအိပ်ကိုရွေးမယ့် Yoongi ကို သွားနှောက်ယှက်နေတဲ့ယုန်ပေါက်ကြောင့် အိပ်ချင်မူးတူးနဲ့ပြန်ပြောနေတဲ့ Yoongi ရဲ့အသံ...။

"Jin Hyung ကယ်ပါဦး... ကျွန်တော့်ကို Jungkookie မြွေရုပ်နဲ့လိုက်စနေတယ်လို့"

မြွေဆိုရင် အရုပ်ကိုတောင် အသည်းတုန်အောင်ကြောက်တဲ့ Hoseok ကိုမှ သွားစတာကြောင့် ထွက်ပေါ်လာတဲ့အော်သံစူးစူး...။

"Koo Koo ရေ... Hyung ကိုလည်းတစ်လှည့် ဂိမ်းပေးဆော့ပါဘူး... Hyung လည်းဆော့ချင်တာပေါ့"

ကိုယ့်ထက်အငယ်ကို မဆူရက်တာကြောင့် လေပြေအေးလေးနဲ့ ချော့ပြောနေတဲ့ Jimin ရဲ့အသံပိစိလေး...။

"Hyung ရေ... ဒီမှာ Koo Koo က Taetae ရဲ့မုန့်တွေကိုလိုက်လုစားနေတယ်လို့... တစ်ဝက်ခွဲကျွေးတာကိုလည်း မရဘူး... မုန့်တစ်ထုတ်လုံးလုသွားပြီ... အီး ဟီး...!!!"

အိမ်မှာအငယ်ဆုံးအဖြစ် နေသားကျနေရာကနေ ရုတ်တရတ်ညီတစ်ယောက်ရသွားလို့ ဗိုလ်ကျမရတော့တဲ့ Taetae ရဲ့အော်ငိုသံစူးစူးလေး...။

Kim အိမ်တော်ကြီးဟာ အရင်ကနဲ့မတူတော့ဘဲ မိုးလင်းတာနဲ့ အော်သံဟစ်သံ ရယ်သံမောသံတွေနဲ့ ဆူညံနေလေပြီ...။ ခပ်ချေချေနေတတ်တယ်လို့ ထင်ရတဲ့ Jungkook ဟာ တကယ်တော့ အမွှေစိန်လေးတစ်ယောက်ဖြစ်နေမှန်း ခုမှပဲသိတော့တယ်...။ အစ်ကိုတွေကိုအမျိုးမျိုးလိုက်စရင်း ပျော်မြူးနေတတ်တဲ့ Jungkook ဟာ စတွေ့ကာစနဲ့ အင်မတန်မှကွာခြားလှတယ်...။

Keep it between us (Completed) Dove le storie prendono vita. Scoprilo ora