အဲ့ဒီညက မိုးတွေသည်းကြီးမည်းကြီးရွာနေတာ။
လူ၂ယောက် အခန်းထဲမှာ အော်ဟစ် ရန်ဖြစ်နေတဲ့ အသံတွေက တစ်စွန်းတစ်စ။
"...အဲ့တာတွေကိုလိုချင်တာလား ခင်ဗျားက
ဘာလဲ အဲ့တာတွေကိုမက်မောနေတာပေါ့ ဟက်လား ..."'ဖြောင်း ! '
အားပြင်းပြင်းနဲ့ လက်ကိုလွှဲချလိုက်တော့ တစ်ဖက်ကိုလည်ထွက်သွားတဲ့ အဲ့ဒီ့လူရဲ့မျက်နှာ။"ထွက်သွား ! ငါမင်းမျက်နှာကိုမမြင်ချင်ဘူး ခုထွက်သွား ! "
"တောက် ခင်ဗျား"
အုတ်နံရံကို လက်သီးနဲ့ထိုးပြီးသူ့ကို စူးစူးရဲရဲကြည့်တယ် ။ ponytail နဲ့နောက်ကျောပြင်ဟာ နာကျင်စရာကောင်းလိုက်တာ။
ဆိုင်ကယ် စက်နှိုးတဲ့အသံက နားတွေပွင့်ထွက်မတတ်ပဲ ။
ဓါတ်ပုံ မှန်ဘောင်တစ်ခုကိုဆွဲယူပြီး ကြမ်းပြင်ပေါ်ကို ပစ်ပေါက်လိုက်တယ်။
" ဘာ လို့ လဲ ! "
_
မနက်၃ နာရီလောက်မှာ ဖုန်းကိုယူကြည့်မိတယ် ဘယ်ကမှန်းမသိတဲ့ နံပါတ်စိမ်းတွေရဲ့misscall ၂ခု
ပထမဆုံးတစ်ခုကို နှိပ်မိတော့ မိန်းမတစ်ယောက်ရဲ့ အသံ! ဘာတွေပြောနေမှန်း မသိဘူး။
သူအပြင်ကို ပြေးထွက်သွားတယ်
မီးရောင်စူးစူးက ဝင်လာတော့ ။"အား ! ! ! "
___တီ....တီ................။
(SCI) ပြင်ထား
(Synchronized cardiovert ionshock )shock 95•c
Shock!shock 125•c
Shock!shock 150•c
Shock!' ဆရာထပ်တင်လို့ မရတော့ဘူး လူနာမှာနှလုံးရောဂါရှိတယ် '
shock 175•c
Shock!တီတီ.. တီတီ.. တီတီ...။
__
မျက်လုံးတွေ ဖျတ်ခနဲဖွင့်လိုက်တော့တစ်လောကလုံးက မှောင်မဲတိတ်ဆိတ်လို့ !
အခန်းမျက်နှာကျက်ကို မြင်ရမှ စိတ်ထဲမှာနေသာထိုင်သာရှိတယ်။
အပြင်မှာ မိုးတွေရွာပေမယ့်
သူ့တစ်ကိုယ်လုံးကတော့ ချွေးတွေရွှဲနစ်နေပီ။
YOU ARE READING
No Hero (Complete )