~Kim~

245 29 15
                                    

ပြတင်းပေါက်ဆီမှ ၀င်ရောက်ဖြန့်ကျက်လာတဲ့ နေရောင်ခြည်နုနုလေးတွေရဲ့ အလင်းရောင်ကြောင့် Kim တစ်ယောက် အိပ်ယာမှနိုးထလာရပြီ...

မျက်လုံးကိုအားယူဖွင့်ကြည့်ရင်း ရင်ခွင်ထဲကကောင်ငယ်လေးကို ငုံ့ကြည့်မိတော့နှစ်ခြိုက်စွာအိပ်မောကျနေလေရဲ့

ရင်ခွင်ထဲပိုတိုးဖက်ရင်းနဖူးပေါ်အနမ်းတစ်ပွင့်ခြွေချမိသည့်တိုင် ထိုလူသားလေးကတော့တုပ်တုပ်တောင်လှုပ်မလာ....

ထိုချစ်စဖွယ်လူသားငယ်ဟာသူ့အပိုင်တဲ့လားလေ။

နေရောင်ခြည်နုနုတို့ ချစ်ရသူရဲ့မျက်နှာပေါ်ဖြာကျလာတာမို့ အလိုက်တသိနှင့်လက်တစ်ဖက်ဖြင့်အုပ်မိုးကာကွယ်ပေးမိပြန်သည်။

ကျွန်တော်ဆိုတဲ့ Kim ဟာလည်း
ချစ်ရသူနဲ့ပတ်သတ်ရင် သေးသေးလေးတောင်အထိခိုက်မခံနိုင်သူမို့...

အတန်ကြာတော့မှမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာနိုးလာတဲ့လူသားငယ်။

"Kim နိုး‌နေတာကြာပြီလား?"

နှစ်ခြိုက်စွာပြုံးရယ်ပြီးမေးလာတာမို့နှုတ်ခမ်းပေါ်အနမ်းတစ်ပွင့်ခြွေပြီး ခေါင်းငြိမ့်ပြလိုက်မိတော့ ရင်ခွင်ထဲခေါင်းတိုးလို့၀င်လာသည်။

နားရွက်ဖျားတွေပါနီရဲနေပုံထောက်ရင် သေချာပေါက်အရှက်သည်းနေသည်ပင်။

နီရဲနေတဲ့နားရွက်ဖျားလေးကိုကြည့်ရင်း အူယားလာပြီမို့ နားရွက်ဖျားကိုခပ်ဖွဖွငုံခဲမိတော့ ပိုတိုးလို့ဖက်လာသည်။

"ရှက်နေတာလား... Hyung ရဲ့..ဟင်?"

အဖြေပြန်မလာ...ရင်ခွင်ထဲမှာခေါင်းမြုပ်၍နေမြဲ‌နေဆဲ...

"ဖြေပါဦး Hyung ရဲ့..ဟင်?"

မေးဖျားကိုဆွဲမော့ကာ မျက်လုံးချင်းဆုံစေပြီးမေးတော့မှ ခေါင်းကိုခပ်သွက်သွက်ငြိမ့်ပြလာသည်။

"ဟားးးး ချစ်လိုက်တာ။
ကျွန်တော်ချစ်ရလွန်းလို့ရူးသွားရင်ဘယ်လို့လုပ်မလဲ Hyung ရဲ့...ဟင်?"

Kim~Where stories live. Discover now