"ဝမ်လုံးလေး....ကိုကိုတို့ ထပ်ပြီးခွဲစိတ်ကြည့်ရအောင်လား"
"ဟင်"
ရှောင်းကျန့် ခွံ့ကျွေးတဲ့ ထမင်းကို တမြုံ့မြုံ့စားနေတဲ့ ဝမ်ရိပေါ်က စကားအဆုံးမှာ ဝါးနေတာရပ်သွားတယ်။ထို့နောက် တိုးညှင်းသော အသံက ခပ်သဲ့သဲ့ထွက်လာတယ်။
"သားက ကိုကို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီလားဟင်"
ဝမ်ရိပေါ်၏ နှုတ်မှထွက်လာသော စကားလုံးတို့ကြောင့် ရှောင်းကျန့် ပြာပြာသလဲပင် အငြင်းစကားဆိုရတယ်။ဝမ်လုံးလေးက သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်သော်ညားတစ်ခြားကလေးများနည်းတူ ဝမ်လုံးလေးကို သူကဖြစ်စေချင်တယ်။ဒီအရွယ်လေးက ပြင်ပလောကကို စူးစမ်းလေ့လာလိုသည့်အရွယ်။ဝမ်လုံးလေးကထုတ်မပြောသော်လည်းမျက်ဝန်းတို့က သိမ်ငယ်နေမှန်း သိသာစေပြန်တယ်။
........
"ဝမ်လုံးလေ.... ကိုကို အလုပ်ကို ခနသွားရမယ်...အစည်းအဝေးက ကိုကိုမတက်ရင်မဖြစ်လို့....ဝမ်လုံးလေးလိုက်ချင်လား""ဟင့်အင်း...သား မလိုက်တော့ဘူးကိုကို"
ကုတင်ပေါ်မှာ စာအုပ်ထိုင်ဖတ်နေတဲ့ ရိပေါ်က အဝတ်အစားရွေးနေတဲ့ ကိုကို့ကို ပြန်ဖြေလိုက်တယ်။
"ကိုကိုက ဝမ်လုံးလေးကိုပါ ခေါ်သွားချင်တာကို "
ရိပေါ်ရဲ့ပန်းရောင်ဟူဒီကို လက်တစ်ဖက်ကကိုင်ပြီး သူ့ဘက်ကို စူပုတ်ပုတ်နဲ့လှည့်လာတဲ့ ရှောင်းလူကြီးကြောင့် သူသဘောတကျပဲ ပြုံးမိသွားရတယ်။တစ်ကယ်ပါပဲ...ကိုကိုဟာလေ။
"ကိုကိုကလည်း သားအိမ်မှာပဲ စောင့်နေမယ်လေ....နော်"
"ဟွန့်"
စိတ်ကောက်သလို နှာခေါင်းရှုံ့ပြတဲ့ ရှောင်းလူကြီးကြောင့် ရိပေါ်ရင်ထဲ ကလိကလိဖြစ်သွားရတယ်။
"ကိုကို....သားဆီ... လာပါအုံး"
လက်ကမ်းကာ ခေါ်နေတဲ့ ဝမ်လုံးလေးကြောင့် ပန်းရောင်ဟူဒီကို ကိုင်ကာ တိုးကပ်သွားတော့ ဝမ်လုံးလေးက ရှောင်းကျန့် ထင်မထားတာလုပ်ချလာတယ်။
လုပ်ချင်တာလုပ်ပြီး ခေါင်းငုံ့သွားသည့် ဝမ်လုံးလေးက ခေါင်းပင်မော့မလာ။