The rain 🌧️

643 96 2
                                    

အိမ်ပြန်ရောက်ပြီးနောက် Junkyuသူ့အခန်းကိုပဲ တန်းသွားလိုက်တယ်၊

🐨💭:ကောင်းကင်ကြီးက မဲညိုလာပြီး မကြာခင် မိုးရွာတော့မယ့်ပုံပဲ၊ Harutoကို မပြန်ခင် ထီးတစ်ချောင်းလောက် သွားပေးရဦးမယ်၊ ဝါးးးးအိပ်ချင်လိုက်တာ

အိပ်ရာပေါ် အညောင်းဆန့်ကာ လှဲလိုက်ရင်း တစ်နေကုန်ပင်ပန်းထားတာကြောင့် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။

သည်းကြီးမဲကြီး ရွာနေတဲ့ မိုးရေကျသံတွေနဲ့အတူ ပင်ပန်းစွာ အိပ်ပျော်သွားရင်း...

မကြာခဏ မက်တတ်သော အိမ်မက်တစ်ခုက ထပ်ပေါ်လာလေသည်။

'အမျိုးသမီးတစ်ယောက် ကလေးလေးကို ပွေ့ထားရင်း ငိုနေ‌သည်။ သူ့ရဲ့ မျက်ရည်စက်တစ်ချို့က ကလေးရဲ့မျက်နှာပေါ် စီးကျလာသည်။
ထို့နောက် အမျိုးသမီးက ကလေးလေးကို နမ်းလိုက်ပြီး တစ်နေရာတွင် ချထားခဲ့လေသည်။
တစ်ညလုံး ကလေးလေးက ငိုနေခဲ့သော်လည်း ဘယ်သူမှ ကလေးငိုသံကို မကြားနိုင်ကြပေ။
မိုးတွေက သည်းလာပြီး လျှပ်စီးတွေကလည်း ပြိုးပြိုးပြက်ပြက်၊ မိုးခြိမ်းသံတွေကို အံတုရင်း ကလေးလေးက အော်ဟစ်ကာ အကူအညီ တောင်းနေခဲ့သည်။'

ဂျိမ်း⚡ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ Junkyu ထိပ်လန့်ကာ နိုးလာခဲ့သည်။

🐨💭:ဒါ မက်နေကျ အိမ်မက်ဆိုပေမဲ့ ဒီအိမ်မက်ကြီး မက်တိုင်း ရင်ဘက်ကြီး တစ်ခုလုံး ဟာတာတာ ဖြစ်သွားတယ်

ပြတင်းပေါက်မှန်မှ လျှပ်စီးလက်နေတာကို မြင်တော့ တစ်ခုခု သတိရသွားသည်၊

🐨💭: Haruto ပြန်သွားပြီလားမသိ

အိမ်အောက်ထပ်ကို ဆင်းလာပြီး စတူဒီယိုဘက်ကို ကြည့်တော့ ဘယ်သူမှ မရှိ၊

🐨💭: ပြန်သွားပြီ ထင်တယ်

အိမ်ထဲမှာ သူ့အဖေကတော့ ခါတိုင်းလိုပဲ အလုပ်ပြီးရင် အမူးသောက်ပြီး လှဲနေလေပြီ။

Junkyuလည်း အိမ်အပေါ်ထပ်ကိုပဲ ပြန်သွားမယ်လုပ်နေတုန်း အိမ်နောက်ဖေးဘက်ကနေ တကျွတ်ကျွတ်နဲ့ လူသံလိုလို ကြားလိုက်ရတယ်၊

Senior Crush (Completed)Where stories live. Discover now