part-3 zawgyi+(unicode)
112 11 2
ခွန်းalramကိုညကတည်းက
မနက်၆နာရီလို့ပေးထားလိုက်သည်။
်၆နာရီတောင်မထိုးသေးဘူး၊မနက်၅နာရီကျော်လောက်နိုးလာပြီး..
"ဟာာ ငါနောက်ကျနေပြီ"
ခွန်းနာရီကိုမကြည့်ဘဲ ရေးကြီးသုတ်ပျာနဲ့
ရေချိုးခန်းထဲ ၀င်သွားလေသည်။
"အာ..ငါနောက်ကျနေပြီ နောက်ကျနေပြီ"
မျက်နှာသစ်ပြီး တစ်ခါတည်းရေပါချိုးလိုက်သည်။
၁၀မိနစ်လောက်ကြာတော့ ရေချိုးခန်းထဲကပြန်ထွက်လာပြီး နာရီကိုကြည့်လိုက်တဲ့အခါ..
"ဟာာ ၅နာရီကျော်ရှိသေးတယ် ငါလည်းရူးပြီဘဲ
ရည်းစားဖြစ်တာမှ၁ရက်လောက်ဘဲရှိသေးတာကို"
ခွန်းတစ်ယောက် ဘာလုပ်ရမလဲမသိဖြစ်နေသည်။
ပြန်အိပ်ရင်လည်းနောက်ကျမှာ စိုးသည်။
ခွန်းအိမ်အောက်ကိုသာဆင်းလာခဲ့သည်။
အမေက မီးဖိုခန်းထဲမှာ ထမင်းဟင်းတွေချက်နေသည်။
ခွန်းသူ့အမေနားလေးကို ခြေသံဖွဖွလေးနဲ့
သွားပြီး အမေ့ရဲ့နောက်ကျောဖက်လိုက်သည်။
"အမေ"
ခွန်း၏အမေသည်ရုတ်တရက်ဆိုတော့ လန့်သွားပြီး
ခွန်းဘက်ကိုလှည့်လိုက်သည်။
"သားရယ် လန့်သွားတာဘဲ
အစောကြီးရှိသေးတယ် ပြင်ဆင်ပြီးဘယ်သွားမို့လဲ"
"သားချစ်သူနဲ့လျှောက်လည်မို့ အမေအချိန်မှားထမိလို့"
(ဒေါ်ချိုဆိုတာခွန်းရဲ့အမေနာမည်ပါနော်)
ဒေါ်ချိုအံ့သြသွားသည်။သူ့သားက
အရင်တုန်းက ရည်းစားမပြောနဲ့သူငယ်ချင်းတောင်
ခန့်လေး၁ယောက်ဘဲထားသည်။အခုကရည်းစား..
"ပြောပြပါဦး သားရဲ့ချစ်သူက
ဘယ်လိုမိန်းခလေးမို့လို့ ငါ့သားကိုဆွဲဆောင်နိုင်ရတာလဲ"
ခွန်းသူ့အမေကိုဘာမှမပြောဘဲပြုံးပြနေသည်။
"သား ဘာလို့ပြုံးနေတာလဲ မေမေကိုပြောပြလေ
မေမေသိချင်တယ်"
ဒေါ်ချိုသူ့သားကဘာမှမပြောဘဲပြုံးပြနေလို့
ပိုတောင်သိချင်လာသည်။
"အမေ သားရဲ့ချစ်သူကလေ မိန်းခလေးမဟုတ်ဘူးအမေရဲ့"
ဒေါ်ချိုတစ်ခဏတော့ ဘာမှမပြောနိုင်ဖြစ်သွားသည်။
You've reached the end of published parts.
⏰ Last updated: Jul 20, 2021 ⏰
Add this story to your Library to get notified about new parts!