part 2 이렇게 어둑해진 내 하루에 다시 들어와 줄래?

228 35 0
                                    

<이렇게 어둑해진 내 하루에
다시 들어와 줄래>

<ဒီလိုမျိုး မှောင်မိုက်တဲ့ ငါ့ရဲ့ တနေ့တာထဲ
ထပ်ပြီး ဝင်လာပေးမလား>

Mashiho:Jihoon-ah

ကျောင်းဆင်းဖို့စိတ်စောနေတဲ့ Jihoon က shiho ခေါ်သံကြောင့် ခြေလှမ်းတွေကို
ရပ်တန့်လိုက်ရသည်. နေဝင်ချိန်မို့ လိမ္မော်ရောင်တိမ်တွေ တောက်ပလျက်.
နေရောင်ဖျော့ဖျော့အောက်က jihoon က သာမန်ထက်ကို ကြည့်ကောင်းနေသလို.
အတင်းပြုလုပ်ယူထားတဲ့ ကြောက်စရာမျက်နှာထားကိုဖယ်ခွာပြီး
စိတ်ရင်းအတိုင်း ပြုံးရယ်နေတဲ့ jihoon က
နေဝင်ဆည်းဆာထက်ကို လှပလွန်းနေသည်.
အဝေးကနေပြေးလာတဲ့ shiho ကို ပြုံးရင်းဂရုတစိုက်ကြည့်နေတဲ့ jihoon က မာန်မာန၊ ဒေါသတွေမရှိဘဲ ပကတိအေးချမ်းလျက်.

အမြဲတမ်း ဒီလိုလေးသာဖြစ်နေနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..

jihoon: မပြေးနဲ့လေ ချော်လဲလိမ့်မယ်

Mashiho:ဘာလို့ငါ့ကိုမစောင့်ဘဲထွက်
သွားတာလဲ

Jihoon: mian 😁

Mashiho:မင်းအခုအားလား?

Jihoon:wae?

Mashiho:ငါနဲ့ pc room သွား…

Jihoon:မဖြစ်ဘူး.ချိန်းထားတာရှိတယ်

Mashiho:ရှိတယ်?ဘယ်သူလဲ

Jihoon:super king cow baby

Mashiho:junghwannie?သူနဲ့ဘာလို့လဲ

Jihoon:ကျောင်းဆင်းရင်မုန့်သွားစားကြ
မယ်လို့ပြောထားတာ.shiho-ya
ငါ့ကလေးစောင့်နေတော့မယ်.
သွားပြီ.annyeong!

shiho ပြန်ပြောတာကိုတောင် နား
မထောင်တော့ဘဲ ပြေးထွက်သွားတဲ့ jihoon.
တခြားနေရာမှာ ဘယ်လောက်ဆိုးဆိုး
So Junghwan ကိုတော့ မျက်နှာအညှိုးမခံဘဲမလိုလိုက်တတ်တဲ့ jihoon အကြောင်းသိတာမို့ shiho လဲ ဘာမှမပြောတော့ပေ.
ပြောလဲ ကလေးနဲ့အပြိုင်ရန်ဖြစ်တယ် လို့ပဲ
jihoon က စကားနာထိုးဦးမည်လေ

park jihoon က so junghwan ကို အဲ့လောက်ထိ အလိုလိုက်တာပါဆို..

ဒီလိုအခြေအနေတွေကိုပဲ တွေ့နေရတာမို့ junghwan က အရင်က jihoon အနိင်ကျင့်ခဲ့ဖူးတဲ့ ကလေးလို့ဘယ်သူထင်ချင်စရာမရှိပေ.
ထိုအကြောင်းအားလုံးကို သိနေတဲ့ shiho ကိုလည်း ဘာမှလျှောက်မပြောဖို့ နှုတ်ပိတ်သေးသည်

Out Of Reach:Never Become ✔Where stories live. Discover now