🌸white daisy 🌸

2.9K 215 50
                                    

For Unicode

~ ဒါပုံပြင်လေးပါ....တကယ်ကြေကွဲရ
    ရင်ခုန်သံဖူးသစ်စအရွယ်မှာ ငါငိုခဲ့ဘူးတာ

~ အချိန်တွေရယ် ပြောင်းလာ....
    ကြာလေ ပိုဝေးသွား °°°°
      ဒီနာမည်မင်းမှတ်မိမှာပါ ဟိုအရင်တုံးက

                                             ~~ပုံပြင်~~

±±±±±±±±±±±±±±±±±±±±±±±±±±±

တစ်ချို့ပုံပြင်တွေက အမှတ်တမဲ့ကနေ အမှတ်တရဖြစ်တယ်။
တစ်ချို့ပုံပြင်တွေက မုန်းမိရာက ချစ်မိကြတယ်
ပုံပြင်တွေရဲ့အဆုံးမှာတော့
မင်းသားနဲ့ မင်းသမီးပဲညားတာ ချွင်းချက်ပေါ့°°°°°

~~~19 ရာစုမတိုင်ခင်လေးက ကျွန်တော်တို့ပုံပြင်လေးကတော့ ဒီလိုစတယ်~~~

" မိုးမိုး ဘာလို့ရွာ "

" ဖားအော်လို့ရွာ "

" ဖားဖား ဘာလို့အော် "

" မြွေကိုက်လို့အော် "

" မဟုတ်ပါဘူး မိုးရွာလို့အော်တာပါ "

" ဟင် မြွေကိုက်လို့အော်မှာပေါ့ မိုးရွာလို့အော်မလား "

မိုးသည်းနေသော လမ်းမထက်တွင် ဖိနပ်များကို လက်က ကိုင်လာရင်း ငြင်းခုန်လာသော ကောင်လေးနှစ်ယောက်ရှိသည်။

" ငကု!!! မြွေကိုက်ရင် ဖားကမအော်နိုင်ပဲ သေမှာလေကွာ "

" အဆော့ ဖားကမိုးရေကြိုက်တယ်လေ ဘာလို့မိုးရွာလို့ အော်မှာလဲ "

" ဟာကွာ!!!! မိုးရွာအောင် အော်တာပါဆို! အုံးဂွမ် အုံးဂွမ် နဲ့လေ "

ဆော့ဂျင် သူ့ဘေးက ကပ်သည်းကပ်သက်လာငြင်းနေသော ဂျောင်ကုကို ဖားတွေ ခုန်သလို ခုန်ပြသည်။
မိုးသည်းထဲ အေးဆေး လမ်းလျှောက်ရင်း စကားများနေတာ လမ်းမကြီးပေါ်တွင် သူတို့ နှစ်ယောက်ထဲ သာရှိမည်။

" မင်းတော့ နောက်နေ့ရောက်ရင် ဖျားတော့မယ် အဆော့ "

" ကောင်းတာပေါ့ ငါအိမ်မှာ အေးဆေး ဂိမ်းဆော့ရတယ် "

" လာ!!!! ငါ့အိမ်ပဲလိုက်ခဲ့တော့ "

အိမ်ထဲ၀င်ခါနီးမှ ဂျောင်ကု ဆွဲရာ ပါသွားသော ဆော့ဂျင်မျက်နှာဟာ မှုံကုပ်ကုပ်...

White Daisy // complete //Where stories live. Discover now