UNICODE
အေးမြတဲ့ ဂျပန်နိုင်ငံကလမ်းတစ်လျှောက်
နှင်းများက တဖွဲဖွဲကျဆင်းလျက်။လမ်းသွားလမ်းလာလူသူ အနည်းငယ်မျှသာရှိသော
မနက် ၅ နာရီခွဲအချိန်အတွင်း
သူအားကစားလုပ်ရန်အတွက်
နား၌ AirPod လေးတပ်ရင်း
အေးဆေးစွာ ပြေးနေမိသည်။လမ်းမှာတွေ့တဲ့ တစ်ချို့မိန်းကလေးတွေက
သူ့ကိုတွေ့တော့ လည်ပြန်ငေးကြည့်သွားကြ၏။"ချောလိုက်တာ.."
"ကိုရီးယားထင်တယ်နော်.."
"ဒီလောက်ချောတာ Model လုပ်သင့်တယ်.."
ဂျပန်မလေးတွေရဲ့ တစ်ယောက်တစ်ပေါက်
ထင်မြင်ယူဆချက်တွေအကြား
ပြေးနေရာက နောက်သို့တစ်ချက်လှည့်ကြည့်ကာ
နှုတ်ခမ်းတစ်ဖက် ကော့တတ်ရုံပြုံးရင်း
မျက်စိတစ်ဖက် မှိတ်ပြလိုက်တော့
ပွက်လောရိုက်သွားလိုက်တဲ့ အသံတွေ။နဂိုကတည်းက ထိုသို့ကစားရတာကို
သဘောကျသည့် သူ့အတွက်
ကောင်မလေးတွေနဲ့ တွဲရတာ
အဆန်းကြီးတော့ မဟုတ်။ရုပ်ရည်ရူပကာအပြင်
ဘဏ္ဏာကပါ ရေလိုလျှံနေလေတော့
စကီလေးတွေက အနားမှာဝဲနေတတ်သည်။ထိုသို့ မိန်းကလေးတွေ ထည်လဲတွဲတာ
သူတစ်ယောက်ထဲလားဆိုတော့ မဟုတ်
သူ့သူငယ်ချင်းတွေသည်လည်း
တစ်ပတ် တစ်ယောက်နှုန်းပါပင်။"အ့.."
တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိသည့်အခိုက်
တစ်ဖက်ကတစ်ယောက်ရဲ့ လက်ထဲက
Camera လေးက ပြုတ်ကျလို့သွားခဲ့သည်။သူခန့်မှန်းမိသလောက်
ဒီ Camera ရဲ့တန်ဖိုးက
သိန်း 20 အထက်မှာရှိသည်။"အဆင်ပြေရဲ့လားမသိဘူး
ထိခိုက်မိသေးလား ကျွန်တော်ပြန်ဝယ်ပေးရမလား..."ဂျပန်လိုပဲ သူမေးလိုက်တော့
မော့ကြည့်လာတဲ့ ရှေ့ကထိုကောင်လေး။Mask အနက်ကို တပ်ဆင်ထားသည်ကြောင့်
မျက်ဝန်းညိုတွေကိုသာ သူမြင်ရသည်။"မလိုပါဘူး ဒါပေမဲ့ကျွန်တော်က
Camera တွေကို တန်ဖိုးထားတာမို့လို့
နောက်တစ်ခါတော့ သတိရှိပေါ့ဗျာ"
YOU ARE READING
Baby Husband (Completed)