UNICODE
Jung Kook တစ်ယောက်အခုတလော
Company မသွားနိုင်ပဲ Taehyung သွားရာ
နေရာတိုင်းကိုသာ နောက်ကနေ
ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်ရင်း
နေ့ရက်တွေကိုကျဉ်လည်နေသည်။အမြဲတမ်းတစ်ယောက်ထဲပဲ
လမ်းလျှောက်ထွက်လေ့ရှိတဲ့ ထယ်က
အခုလည်း T-shirt အဖြူပွပွလေးနဲ့
Jean ဘောင်းဘီနုနုလေးကိုတွဲဝတ်ပြီး
အိမ်ထဲက ထွက်လာချေပြီ။သူထွက်တာနဲ့ ကိုယ်လည်းနောက်ကလိုက်ပြီး
ဓာတ်ပုံခိုးရိုက်ရင်း အလုပ်တွေရှုပ်နေခဲ့ပါရဲ့။"အာ...မင်းကဟိုတစ်ခေါက်တွေ့ခဲ့တဲ့ကောင်လေးပဲ"
စကားပြောသံတစ်စွန်းတစ်စနဲ့အတူ
ထယ့်အရှေ့လာရပ်တဲ့အသားဖြူဖြူ
အပြုံးချိုချိုနဲ့တစ်ယောက်။ဝေးနေပေမဲ့သူထင်တာမမှားရင်ထိုလူသည်
Park Group က CEO သူနဲ့ရွယ်တူ
Park Bogum..။မျက်ခုံးတွေ တွန့်ချိုးသွားမိရင်း
နံရံတစ်ခု၌ကွယ်ရပ်ကာ ခိုးနားထောင်မိသည်။"ကျွန်တော်မသိဘူးခင်ဗျ ဘယ်သူလဲမသိဘူး"
"ဖြစ်နိုင်ပါတယ် အဲ့တုန်းကမင်းလေးကလောနေတာကိုး
ကိုယ့်ကိုတောင်ဝင်တိုက်သွားသေးတယ်လေ.."ထိုအပြောကြားမှ Taehyung သတိရသည်။
ဟိုတစ်ခေါက်သူစိတ်ဆိုးဆိုးနဲ့ ထွက်လာတုန်းက
ဝင်တိုက်မိခဲ့တဲ့တစ်ယောက် ဖြစ်ဟန်တူသည်။"ကိုယ့်နာမည်က Park Bogum ပါ"
"Kim Taehyung ပါ"
လက်ကမ်းပေးလာသည်ကြောင့် အလိုက်သင့်လေး
လက်ဆွဲနှုတ်ဆက်လိုက်သည်။"ထယ်လို့ပဲခေါ်လို့ရတယ်မလား.."
သူ့ဘက်ကအမေးကိုကြားတော့
စိတ်ထဲဝင်လာတာက Jung Kook..။
စိတ်ထဲကပြန်ထုတ်လိုက်ရင်း ပြုံးရင်းပင်.."ရပါတယ် အဆင်ပြေသလိုခေါ်ပါ"
"ဒါနဲ့ထယ့်မှာရည်းစားရှိလား.."
ထိုလူ့အမေးကိုကြားတော့ အံ့ဩသွားတဲ့
Taehyung နဲ့အတူ နံရံအကွယ်ကနေ လက်သီးကို
ခပ်တင်းတင်းဆုပ်ထားရင်း သူ့အဖြေကို
သေချာသိချင်နေသော Jung Kook လည်းရှိခဲ့သည်။
YOU ARE READING
Baby Husband (Completed)