Prologue - Byun Baekhyun ၏ တစ်နေ့တာ

520 71 17
                                    

"ကျွန်တော်တို့အနေနဲ့ ဒီ သင်္ချာညီမျှခြင်းတစ်ခုကို ဘယ်ကစဖြေရှင်းသင့်လဲ"

အထက်တန်း သင်္ချာသင်တန်းတစ်ခုတွင် ဆရာ၏ အမေးဆုံးသည်နှင့် ကျောင်းသား ကျောင်းသူများ အားလုံးက စိတ်ပါလက်ပါဖြင့် ဝင်ရောက် ဆွေးနွေးကြသည်။ သူတို့ ချစ်ကြောက်ရိုသေရသော ဆရာက စကားအပိုပြောတတ်သူ မဟုတ်သည့်အပြင် စည်းကမ်းကြီးသူတစ်ယောက်ဖြစ်သည့်အတွက် သူတို့ စိတ်မပါလက်မပါမဖြစ်ရဲကြ သည်မှာ သဘာဝကျပါသည်။

"ညီမျှခြင်းတစ်ခုကိုဖြေရှင်တော့မယ်ဆိုရင် ကွင်းထဲက နံပါတ်တွေကို အရင်ရှင်းရမယ်၊ ပြီးမှ တစ်ဆင့် ချင်းစီအဖြစ်..."

ဆရာက ကျောက်သင်ပုန်းတွင် လှည့်၍ ရေးလိုက်သောအခါ တချို့ ကျောင်းသူလေးများက ဆရာ မည်မျှ ချောမောခန့်ညားကြောင်း တီးတိုးဆိုနေကြသည်။ တချို့ဆိုလျင် ဓာတ်ပုံပင် ရိုက်ယူထားလိုက်သေး၏။ ဆရာ၏ နောက်ကျောဘက် မြင်ကွင်းမှာလည်း ကြည့်ကောင်းလှသည်မဟုတ်လား။

သူသည် ထိုအဖြစ်တို့ကို မသိချင်ဟန်ဆောင်ထားလိုက်ရင်း စာသင်စရာရှိသည်တို့ကိုသာ ဆက်သင် လိုက်သည်။ သင်တန်းချိန်ပြီးဆုံး၍ ထွက်လာသောအခါ ကျောင်းသူလေးများ ပြောသော စကားသံတို့ကို ကြားဖြစ်အောင် ကြားလိုက်ရသေး၏။

"ဆရာက အရမ်းမျက်နှာထားတည်တာပဲ။ တကယ်တော့ ဆရာက သဘောကောင်းမယ့်ပုံနဲ့ ဘာဖြစ်လို့ နည်းနည်းမှ မပြုံးတာလဲ မသိဘူး။ ဆရာ ပြုံးလိုက်ရင် တော်တော်ကြည့်ကောင်းမှာကိုနော်"

သူသည် ထိုစကားသံကိုကြားတော့ သက်ပြင်းချလိုက်မိသည်။ တစ်ချိန်တုန်းကတော့ သူသည် ထို ကလေးများထက် တက်ကြွခဲ့ဖူးသည့်အပြင် မျက်နှာထက်တွင် အရယ်အပြုံးများမပျက်ခဲ့ဖူးသော သူ တစ်ယောက်ဖြစ်ခဲ့ဖူးသားပဲ။ သို့သော် ယခုချိန်မှာတော့ အရာရာသည် ပျောက်ကွယ်ခဲ့လေပြီ။

သူသည် သင်တန်းဆရာများကို နှုတ်ဆက်ပြီး ထီးတစ်ချောင်းနှင့် ထွက်လာမိသည်။ လမ်းပေါ်တွင် စ နောက်ကာ တွဲလျှောက်သွားသော ကျောင်းသူ ကျောင်းသားကလေးများကို တွေ့တိုင်း တစ်စုံ တစ်ယောက်ကို နင့်နင့်နဲနဲသတိရလာမိသည်။ ကိုယ်တိုင် ဖန်ဆင်းယူခဲ့သော နာကျင်မှုကြောင့် ထိုသို့ ခံစားနေရကြောင်းသိလျင် မေတ္တာကြီးမားသည့် တန်ခိုးရှင် သည်ပင် သူ့ကို သနားမည်မဟုတ်ပါ။ သူ အထွန့်မတက်ပါ၊ ကိုယ်ပြုသောကိစ္စရပ်ကို ကိုယ်သာသိသည်မို့ ထိုအပြစ်ကို ကျေကျေ နပ်နပ်ကြီး ခံယူ ပါသည်။ သူသည် သင်တန်းကျောင်းမှ မိနစ် ၂၀ ခန့်သာ လျှောက်ရသော အိမ်ကို ပြန်ရန် တစ်နာရီမျှ အချိန်ယူလေ့ရှိ၏။ သင်တန်းကျောင်းမှ အပြန်တွင်မှ ညစာစားလေ့ရှိသော သူသည် လမ်းပေါ်ရှိ ကော်ဖီ ဆိုင်သို့ အမြဲဝင်ထိုင်လေ့ရှိသည်။ ထို ဆိုင်သို့ရောက်လျင် ည ၉ နာရီ ၁၅ မိနစ်။

PUZZLE PIECE [CHANYEOL x BAEKHYUN]Où les histoires vivent. Découvrez maintenant