Part 4
" ပါပါး..ပါပါး "
"ဘာလို့အော်နေတာလဲ ရှင်းလေး"
" သတင်းchannelတိုင်းမှာ yibo
ကိုလူပျောက်ကြော်ငြာတာတွေကြည့်ပဲ
လာနေတယ် yiboကိုခေါ်ထားတဲ့သူ ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ခွင့်မလွှတ်ပေးဘူးတဲ့ ဘယ်လိုလုပ်မလဲ yiboကိုပြန်လွှတ်လိုက်ပါ yiboက ဝန်ကြီးသားလေ သားတို့
ဒုက္ခရောက်လိမ့်မယ် "" ပြန်လွှတ်ရင်ဝေးသွားမှာပေါ့ "
ကျန်းချန်နဲ့ဝမ်ချင်ရောက်လာပြီး ကျန်းချန်က ပြောလိုက်ခြင်းဖြစ်သည်။
"မင်းတို့လည်း သတင်းတွေ့လို့လာတာလား "
" ဟုတ်တယ် ဒါနဲ့ ဝမ်ကျီးရော့ "
" သူနဲ့ငါလက်ထပ်တုန်းက သူပစ္စည်းတွေ အကုန်စစ်ကြည့်နေတယ် သူပစ္စည်းတစ်ခုပျောက်ရင် ငါကိုအော်နေတာ မင်းသိတယ်မဟုတ်လား စည်းကမ်းကြီးတဲ့သူလေ "
" ဟား ဟား ဟား ဟုတ်သား "
" ငါတို့ လာတာက ဖန်ရှင်းကို ငါတို့လက်ထဲအပ်ပြီး မင်းနဲ့ဝမ်ကျီး ဒီနိုင်ငံကနေ ထွက်သွားသင့်တယ် "
ကျန်းချန်စကားကို သားက အသည်းအသန်
ငြင်းသည်။" ပါပါးနဲ့ ကျွန်တော် မခွဲနိုင်ပါဘူး ပြီးတော့ ဒီလောက် ရိပေါ်ကို ပိုက်စိပ်တိုက်ရှာနေတာ
ဒီနိုင်ငံက ထွက်ဖို့ မလွယ်ဘူး "" မလွယ်လည်း ရအောင်ထွက်ရမယ်
ဖန်ရှင်း သားရဲ့ပါပါးဘဝတစ်ခုလုံး အထီးကျန်စွာ လူသေလို့ နေခဲ့ရတာ
သားပါပါးရဲ့ ကျန်ရှီတဲ့ ဘဝကို ဝမ်ကျီးနဲ့
ပေးနေလိုက်ပါ "" ပါပါး..ပါပါးဆန္ဒကရော "
ဖန်ရှင်းမျက်ရည်ဝဲလာကာ မေးလိုက်သည်။
ကျွန်တော်ဘာပြောရမလဲ သားလေးကို လည်းမထားခဲ့ရက်နိုင်သလို မောင်နဲ့နောက်တစ်ခေါက်ဝေးလိုလည်းမဖြစ်ဘူး "
" သားသိပါပြီ ပါပါးတိတ်ဆိတ်နေမှတော့
ပါပါးဘာဖြစ်ချင်လဲ သားသိပါပြီ
သွားပါ ပါပါး"" ပါပါး တောင်းပန်ပါတယ် ရှင်းလေး "
" ဦးလေးတစ်ယောက်လုံးရှီတယ်
ဒေါ်လေးဝမ်ချင်လည်းရှီတယ် အားမငယ်ပါနဲ့ "