Part-8

61 13 0
                                    

{Zawgyi}

နံနက်ခင်းမျက်နှာပေါ်ကို ဖြာကျလာတဲ့နေရောင်ကြောင့် Baekhyun နိုးလာခဲ့တယ်
Hyung က Busan ကို တစ်ပတ်လောက်ခရီးထွက်သွားတာကြောင့် Baekhyun အိမ်မှာတစ်ယောက်ထဲ, Coffee Shop ကလည်း Hyung ပြန်လာမှဖွင့်ကြမယ် ဆိုတာကြောင့် ပိတ်ထားရတယ် ကိုယ်လက်သန့်စင်ပြီးအောက်ဆင်းလာတော့ အရင်နေ့တွေလို ထမင်းစားပွဲပေါ်မှာ အသင့်ပြင်ထား‌ပေးတဲ့မနက်စာလည်းအရင်လိုရှိမနေ...
Hyung ရှိနေရင် အမြဲတမ်း Baekhyun စားဖို့မနက်စာဖွယ်ဖွယ်ရာရာ ပြင်ထားပေးတတ်သည် အခုတော့ တစ်ယောက်ထဲစားရတော့မည် Baekhyun ကဟင်းသိပ်မချက်တတ်တဲ့ သူဆိုတော့ အသင့်ဝယ်ထားတဲ့ ပေါင်မုန့်လေးနဲ့ Coffee လေးပဲသောက်လိုက်တယ်

"အင်း ဗိုက်ပြည့်သွားပြီ"

တစ်ယောက်ထဲရေရွတ်ပြီး သောက်ထားတဲ့ခွက်လေးကိုဆေးလိုက်တယ် ဘာမှလုပ်စရာမရှိတာကြောင့် ဧည့်ခန်းထဲမှာလာနေတဲ့ Drama ကြည့်နေလိုက်တယ် Drama ကြည့်နေရင်း မင်းသားနဲ့မင်းသမီး တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်တဲ့ပုံတွေ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်, စိုးရိမ်တဲ့အပြုအမူတွေကို ကြည့်ရင်းသူစဉ်းစားမိတာက သူနဲ့ Somi နဲ့က ချစ်သူတွေဆိုပေမယ့် ချစ်သူတွေလုပ်တဲ့အရာတွေလည်းမလုပ်ဖြစ် တွဲနေတာ 4 နှစ်ရှိနေပြီ လက်ကိုင်ရုံထက်မပို ပြီးတော့ Somi နားမှာဆိုရင် သူရင်မခုန်သလိုပဲ တကယ်လို့သူ Somi ကိုမချစ်ဘဲ တစ်ယောက်ယောက်ကိုချစ်နေမိတာလား စဉ်းစားနေတုန်း Park Chanyeol ရဲ့ပုံရိပ်တွေ ခေါင်းထဲမှာပေါ်လာတယ် မနေ့က Chanyeol နဲ့အတူရှိနေခဲ့တာကိုပြန်တွေးကြည့်လိုက်ရင် သူ့ဝဲဘက်ရင်အုံက နှလုံးသားလေးခုန်လာတယ် သူ...သူများ Chanyeol ကိုချစ်နေမိတာလား???????????

"ဟင့်အင်း..... မဟုတ်ဘူး ဒါ....ဒါမဖြစ်နိုင်ဘူး ငါချစ်တာက Somi လေ ငါချစ်သူက Somi ပါ ပြီးတော့ Park Chanyeol ကယောကျာ်းလေး ငါလည်းယောကျာ်းလေး အဲ့တော့ဒါမှားနေတာ ဟုတ်တယ် ငါမှားနေတာ ငါအထင်မှားနေတာ ငါချစ်တာက Somi Kim Somi ဟုတ်တယ် Byun Baekhyun စိတ်ထိန်း စိတ်ထိန်း ဟူး........."

Baekhyun လည်းဇဝေဇဝါဖြစ်သွားတယ် သူအထင်မှားနေတာလို့စိတ်ထဲရိုက်သွင်းပြီး နှလုံးသားရဲ့ခံစားချက်နောက်ကို မလိုက်ပဲ ဦးနှောက်ကအနိုင်ရသွားခဲ့တယ်......

𝑰𝒏 𝑨𝒏𝒐𝒕𝒉𝒆𝒓 𝑳𝒊𝒇𝒆......    {Z+U}Where stories live. Discover now