Unicode 6

5 2 0
                                    

အာကာ နေကောင်းပြီး နောက်တစ်နေ့မှာ
နိုင်သူက စိတ်ဆိုးလို့ မပြီးနိုင်တော့ပါ ။ အာကာက ထပ်တလဲလဲ တောင်းပန်လွန်းနေတာမို့ နိုင်သူ အလျှော့ပေးလိုက်ရပါတော့သည်။

" နိုင်သူ ရှင်းသန့်နဲ့ တွေ့ပြီးပြီလား "

သူရိန်က ပြောတော့မှ သတိရပါသည်။ သူအခုထိ တွေ့ဖို့ အစီအစဥ်မဆွဲရသေးပါ။

"မတေွ့ရသေးဘူးလေ....သူစိတ်ဆိုးနေမှာလား မသိဘူး....."

"သွားတွေ့လိုက်ပါကွာ သွားပြီး ပြောပြလိုက် မင်းအမှားရှိတာမှ မဟုတ်ဘဲကို "

သူရိန် ပြောလိုက်မှ သူသွားတွေ့မှဖြစ်မှာ သတိရလိုက်ပါသည်။

ဟုတ်တယ် ရှင်းသန့်က
အကျင့်ကောင်းပါတယ် နားလည်ပေးမှာပါ

---

နိုင်သူ ဇော်လွင့်ကို ဖုန်းဆက်ပြီး ရှင်းသန့် အဆောင်ကို ရောက်လာပါသည်။ ကျောင်းတွင်းဆောင် မဟုတ်တာ​ကြောင့် စည်းကမ်းတော့ သိပ်မတင်းကြပ်လောက်ဘူး အောက်မေ့မိလိုက်ပါသည်။

ရှင်းသန့် အရိပ်ကောင်းသည့် တမာပင်အောက်တွင် စာအုပ်ဖတ်နေပါသည်။
နေဝင်ချိန် နီးပြီမို့ တဖြည်းဖြည်းအေးမြလာပေမယ့် နိုင်သူ့ရင်ထဲမှာတော့ မီးတွေတောက်နေသား....

နိုင်သူ ရှင်းသန့်အနား တိုးကပ်ကာထိုင်လိုက်ပါသည်။

"ဘာလာလုပ်တာလဲ "

ရှင်းသန့်က စကားစလာပေမဲ့ မျက်လုံးတွေကတော့ စာအုပ်ထက်က မခွာသေး။ နိုင်သူ
အေးစက်နေတဲ့ တေမိကို တစ်ချက်ကြည့်ကာ တံတွေးမြိုချလိုက်ကာ

" ငါ မနေ့က မလာတာ မလာချင်လို့မဟုတ်ပါဘူး "

"မလာချင်လို့ မဟုတ်ပေမဲ့ မလာတာက
ဘာ​ကြောင့်လဲ နိုင်သူ "

တေမိက စိုက်မကြည့်ပေမဲ့ သူ့ကိုတော့ စိတ်ဝင်စားသားဟု တွေးရင်း

" ငါတောင်းပန်ပါတယ် ရှင်းသန့်...ငါ..."

"ဘာဖြစ်လို့ တောင်းပန်တာလဲ မင်းနဲ့ငါက အဲ့ဒီလောက်ထိ ရင်းနှီးနေလို့လား..."

ခက်ပြီ.....ဘာကြောင့်လဲ မေးသေးတယ်
မေးလို့ တောင်းပန်ပြန်တော့လည်း ဘာလို့လဲတဲ့....တေမိတော့ ရုပ်တည်ကြီးနဲ့ လာရစ်နေပြီ

Second love Where stories live. Discover now