Oh my dear darling - 1
"လမ်းခွဲရအောင် ဒါလင်"
ငါဒီစကားကိုပြောတော့ ဒါလင်က ခပ်ဟဟ ရယ်တယ်။
"ပြော ဘယ်တရုတ်မင်းသားကို
သဘောကျနေပြန်ပြီလဲ" တဲ့ဒါလင်က ဘယ်လိုလူလဲဆို ငါ့ကိုအမြဲနားလည်ပေးတဲ့သူလို့ ပဲပြောရမှာပဲ။
ဘာအကြောင်းပဲရှိရှိ ငါ့တစ်မျက်နှာပဲကြည့်တဲ့ဒါလင်။ဒါပေမယ့် ဘယ်လိုလုပ်မလဲ ဒါလင်။
ဒီနေ့ငါ ဒါလင့်ကိုလိမ်ခဲ့တာ ငါသူငယ်ချင်းနဲ့ သွားတွေ့ တာမဟုတ်ဘူး။
ငါဆေးရုံကိုသွားခဲ့တာ
ခဏခဏ ခေါင်းကိုက်တဲ့ ငါ့ကိုယ်ငါ မသင်္ကာလို့ လေ။
အဟင်း..ထင်တဲ့အတိုင်းပဲ ဦးနှောက်ကင်ဆာ တဲ့။ဒီအကြောင်းတွေတော့ငါ ဒါလင့်ကိုမပြောပြတော့ပါဘူး။
ငါနာကျင်နေတဲ့ပုံစံကို ဒါလင့်ကိုမပြချင်ဘူးလေ။"လမ်းခွဲမယ် ဒါလင်"
လမ်းခွဲစကားကို ငါဒုတိယအကြိမ် ထပ်ပြောတော့
ဒါလင့်မျက်ခုံးတွေ တွန့်ချိုးသွားတယ်။
ပြီးတော့ သူက အသာလေးပြုံးလို့ ငါ့ကိုနားချတယ်။"အချစ်ပင်ပန်းနေပြီ နားလိုက်ဦး သွေးပူတဲ့အချိန်ဆုံးဖြတ်ချက်ချတာမကောင်းဘူးလေ"
ဒါလင်က ငါ့ကိုနားချပြီး သူ့ အိမ်ကိုထပြန်သွားသည်။
ဆိုင်အလုပ်နဲ့ မအားတဲ့ငါ့ကို ဒါလင်က ပိတ်ရက်တိုင်း အိမ်မှာလာတွေ့ နေကြ။
ဒါပေမယ့် ဒီနေ့ တော့ ချစ်ကြည်နူးတစ်တီတူး စကားသံတွေမရှိခဲ့ဘူး။နောက်တစ်နေ့ ငါဆိုင်ကပြန်လာတော့ အိမ်မှာ ဒါလင်အပါအဝင် ဒါလင့်မိဘတွေပါရောက်နေခဲ့တယ်။
ငါ့ရဲ့ တစ်ယောက်တည်းသော မေမေက မျက်နှာမကောင်းဘူး။"ဘာဖြစ်လို့ လဲမေမေ"
"အချစ်ကို ဒါလင်လာတောင်းတာ"
ငါ့အမေးကိုဒါလင်က ဝင်ဖြေတယ်။
မေမေက ငါ့ကိုမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီး