part 1

308 20 8
                                    

Unicode & Zawgyi

(Unicode)

ဇွန်လ ရောက်ပြီမို့ မိုးဖွဲဖွဲတို့က အပြိုင်သွန်းနေချေပြီ။

ဇွန်ပန်းတို့ကလည်း လေညှင်းသွဲ့သွဲ့ ကြားမှာ ရနံ့ခြွေရင်း လှပနေ၏။

မနက်ခင်းရဲ့ ရောင်ခြည်နွေးက အရင်က
ပက်ဖျန်းနေကြ ဆိုပေမဲ့ အခုတော့ ပြတင်းတံခါးကနေ မိုးစက်မိုးပေါက်အချို့က စင်နေခဲ့၏။

လှစ်ဟာနေတဲ့ ပြတင်းတံခါးကို ပိတ်လိုက်ပြီး ရောင်ခြည်သစ် စောင်ပုံထဲ ပြန်တိုးလို့ ဝင်သွား၏။

ဒါပေမဲ့ သူ ကောင်းကောင်း ပြန်အိပ်လို့
မပျော်တော့ဘူး။

မိုးအေးအေးဆို အတွေးတွေကလည်း
တယ်များသကို။

ရောင်ခြည်သစ် သူ့ဘေးနားမှာ ရှိနေသည့် သူကို ငေးမောကြည့်ရင်း အရင် အတိတ်ဆီကို ခပ်လေးလေး တွေးမိသွား၏။

အရင်က ဒီလို ရာသီဆို အေးစက်စက် လေအေးက သူ့ကျောပြင်ကို ထိခတ်နေကြ။

ဘယ်လောက်ပဲ စောင်ပုံထဲ ထွေးနေစေကာမူ
လေအေးကိုတော့ အံမတုနိုင်ခဲ့ပေ။

အခုတော့ မတူတော့ပြီ။ ရင်ခွင်တစ်စုံက
သူ့ကို နွေးထွေးစေခဲ့ပြီ။

သူ ဘယ်လောက်ပဲ အေးစက်မှုကို ခံစားနေရစေကာမူ ထိုလူက သူ့အတွက် မီးလင်းဖို
ဖြစ်ပေးလိမ့်မည်။

ရောင်ခြည်သစ် တွေးတောရင်း အိပ်မောကျနေသည့် နေမင်းကိုကို မျက်နှာကို မမှိတ်မသုန် ကြည့်နေလေသည်။

"ကြည့်ပဲ ကြည့်နေတော့မှာလား...တစ်ခုခု ဆက်မလုပ်တော့ဘူးလား..."

စောင့်နေသော်လည်း ဘာမှ ဖြစ်မလာသည်မို့ နေမင်းကိုကို သည်းမခံနိုင်တော့ပဲ ထုတ်မေးလိုက်ရချေသည်။

"အစ်ကို အိပ်နေတာ မဟုတ်ဘူးလား..."

နေမင်းကိုကို ပက်လက် အိပ်နေရာက ရောင်ခြည်သစ်ဘက်သို့ လှည့်လိုက်ပြီး ရောင်ခြည်သစ် နှာဖျားလေးကို အသည်းယားစွာ ဖျစ်ညစ်လိုက်သည်။

"ပြတင်းပေါက် ထပိတ်ကတည်းက ကိုယ်နိုးနေတာ..."

"ဒါဆို ဘာလို့ မထတာလဲ..."

A Living Thing, You are my Oxygen Where stories live. Discover now