Zawggyi
တောင်ပေါ်မှာမို့ လေပြေလေးတွေကyiboမျက်နှာဆီပြေးပြေးတိုက်လာတယ်။ဝိုင်ခွက်ကို တပတ်ပြီးတပတ်လှည့်ရင်း ဇိမ်ခံသောက်နေလိုက်တယ်။ချိုအီနေတဲ့ဝိုင်အရသာကလည်ချောင်းတလျှောက် လျှောဆင်းသွားပေမယ့်yiboဒီအရသာကို မခံစားနိုင်။အမှန်တော့yiboက ဝိုင်မကြိုက်ပါ။ တစ်စုံတရာကိုဆုံးဖြတ်ဖို့အတွက် ဝိုင်နဲ့အတူ တောင်ပေါ်တတ်လာခဲ့ရုံသာ။ဘာလို့ဆိုကောက ၀ိုင်ကိုသိပ်ကြိုက်တာ။ကောပြောနေကျ စကားလေးဆို"ကောမှာ ချစ်ရမယ့်သူဆိုလို့ ပေါ်တိလေးနဲ့ ၀ိုင်ပုလင်းတွေပဲရှိတာတဲ့" "ပေါ်တိလေး ပေါ်တိလေး" yiboအမှတ်မထင်ရေရွတ်ရင်းပြုံးမိတယ်။
ခုတော့သူ့ကိုအဲ့လိုခေါ်မယ့်သူမရှိတော့.......
------------@$#%#&#&---------------
Yiboခေါင်းကိုက်နေတယ်။ခုတလော
စိတ်ရှုပ်စရာကိစ္စတွေကြီးပဲမို့ yiboညဘက်ဆို အိပ်မပျော်တာ၂ရက်တောင်ရှိပြီ။ပါးနဲ့မားကခုမှ ဘာထဖြစ်တာလဲမသိ "လက်ထပ်ရမယ်"တဲ့။
yiboလိုcompanyရဲ့CEOတစ်ယောက်အနေနဲ့ အဲ့လိုအပိုအလုပ်တွေအတွက် အချိန်မပေးနိုင်ဘူးဆိုတာပါးနဲ့မားကိုသိစေချင်တယ်
ပိုဆိုးတာက ရိုးရိုးတောင်မဟုတ်၊ယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်ရမှာ။
သူ့ထက်၆နှစ်လောက်အသက်ပိုကြီးတဲ့ ဆရာဝန်နဲ့ပေါ့။yiboတသက်မှာ ဘယ်သူ့ကိုမှ စိတ်မ၀င်စားခဲ့သလိုဘယ်သူ့ကိုမှလည်း မချစ်ခဲ့ဖူးဘူး။yiboခေါင်းထဲမှာရှိတာအလုပ် သူလိုချင်တာစီးပွားရေးလောကမှာ ထိပ်တန်း CEO
တစ်ယောက်ဖြစ်လာဖို့သာ ဒါသူ့အိမ်မက် သူ့အိမ်မက်ကိုဘယ်သူ့ကြောင့်နဲ့မှ အထိခိုက်မခံခဲ့
ခုတော့ ထိုသူကြောင့်......လက်ထပ်မယ့်နေ့.....
Yiboကလွဲပြီးတစ်ဆွေတမျိုးလုံးရဲ့မျက်နှာမှာအပြုံးကိုယ်စီနဲ့ ဟိုဘဲကြီးအပါအ၀င်ပေါ့ဘဲကြီးကသိပ်တော့မဆိုးလှဘူး။yiboကိုတော်တော်ချစ်ပုံရတယ်။ ဘဲကြီးရဲ့
နှုတ်ခမ်းအောက်မှာမှည့်နက်လေးတစ်ခုရှိတယ်။
yiboအဲ့ဘဲကြီးကိုသာမုန်းတာ သူ့နှုတ်ခမ်းအောက်ကမှည့်နက်လေးကိုတော့ အတော်အသဲယားမိတယ်။ လစ်ရင်လစ်သလို အဲ့ဘဲကြီးနှုတ်ခမ်းကိုပြစ်မှားရတာ yibo အကျင့်တစ်ခုလိုဖြစ်လာတယ်။ပြီးတော့ ဘဲကြီးက အသက်သာကြီးတာ ကလေးလိုလိုနဲ့ ဘယ်လိုများဆရာဝန်ဖြစ်လာလဲမသိ သိလည်းစိတ်မ၀င်စားမိ။ yiboကိုခေါ်တဲ့နာမည်ကိုလည်းကြည့်ဦး "ပေါ်တိလေး"တဲ့။ဘယ်လိုကြီးမှန်းမသိဘူး။yibo
ကတော့ သူ့ကို ကော လို့မခေါ်ချင်လို့ ရှောင်းကျန့်လို့ပဲ နာမည်တပ်ခေါ်ခဲ့တယ်။ ဒီလိုနဲ့ yiboအိမ်ထောင်ကျတာ ၁လသာပြည့်သွားခဲ့တယ်
အခြေအနေတွေကဘာမှမထူးခြား။ ရှောင်းကျန့်က
yiboကိုအရမ်းချစ်ပြီးဂရုစိုက်ပေမယ့် yiboကတော့ဘာခံစားချက်မှမရှိသလိုနေရင်း အလုပ်ကိုပဲအာရုံစိုက်နေခဲ့တယ်။ ရှောင်းကျန့်ကယောင်္ကျားလေးသာပြောတာ
ဟင်းချက်တတ်တယ် အိမ်မှုကိစ္စလည်း လုပ်တတ်တယ်။တစ်ခါတလေyiboအတွက်
နေ့လည်စာတောင်လာပို့တတ်သေးတယ်။
yiboကတော့ရှောင်းကျန့်ရုံးလာတာကိုမကြိုက်။
စူးစမ်းတဲ့အကြည့်တွေကိုမခံချင်လို့ဖြစ်မယ် ထင်တယ်။ ရှောင်းကျန့်ကsurgicalတစ်ယောက်မို့
ဆေးရုံမှာအမြဲနေစရာမလို။ operationပေါ်လာမှအပြေးသွားလိုက်ရုံသာ။
တစ်ခါတလေတော့ ပါးနဲ့မားဆီတစ်ယောက်တည်း
သွားလည်တတ်သေးတယ်။ပါးနဲ့မားကလည်း ရှောင်းကျန့်ကိုအသေချစ်၊သားအရင်းကသူလား
ရှောင်းကျန့်လားတောင်မသိတော့။ကြာတော့ အကုန်လုံးကသဲသဲလှုပ်ချစ်ရတဲ့ ရှောင်းကျန့်ကို သူတစ်ယောက်တည်းကပဲ အမြင်ကပ်နေသလိုလို
ဖြစ်လာတယ်။