Who Are You (Intro)Zawgyi

266 14 0
                                    

ရှောင်းကျန့်သတိလစ်နေတယ်
လစ်မှာပေါ့ တစ်ညလုံးရွာတဲ့မိုးရေထဲမှာ
ဖိနပ်မပါဘာမပါနဲ့အရူးလိုမျိုးရပ်နေတာကို။
ဆေးရုံသွားပြလို့လဲမရ ဟိုကမှတ်ပုံတင်တွေ
နေရပ်လိပ်စာတွေအဖအမည် အမနာမည်
မေးရင်ဖြေဖို့နေနေသာ ဘယ်ဥကပေါက်မှန်း
တောင် မသိတာသက်သက်ဂျေးထဲဂျောင်း
ဉီးမယ်။

အဲ့ထက်အရေးကြီးသည်က၀မ်ရိပေါ် ၀မ်ရိပေါ်လည်းဘယ်ရောက်လို့ဘယ်ပေါက်
မှန်းမသိသူတို့နှစ်ယောက်ကြားမှာဘာဖြစ်ခဲ့လဲ
ဆိုတာ ဘုရားတောင်သိမှာမဟုပ်ဘူး...

"အကိုlin"
"​ခနနေဉီး ငါလာခဲ့မယ်"
ရှောင်းကျန့်ကိုရေပတ်တိုက်ပေးနေရင်း
ရိပေါ်သတင်းစုံစမ်းခိုင်းထားတဲ့အကို၁မှခေါ်
သောကြောင့်တိုက်လက်စ ရေပတ်အား
အသာချကာ အခန်းမှထွက်လာခဲ့တော့သည်။

"ဘာထူးလဲ"
"ဖုန်းလုံးဝဆက်လို့မရဘူး ဘာသတင်းမှ
လဲမကြားရဘူး ကျနော်မက်ဆေ့တော့ပို့
ထားတယ် ရှောင်းကျန့်ဖျားနေတယ်လို့"

"ကောင်းရောပဲ ရိုက်ကူးရေးအဖွဲ့ကလဲငါ့ကို
ဆက်သွယ်နေပြီ ရိုက်ကူးရေးပျက်တာ၂ရက်
ရှိနေပြီ ဒီလိုသာလုပ်နေရင်အေဂျင်စီဘက်က
သိတော့မယ် ချီးပဲ"

"ရှောင်ကျန့်ရောမနိုးသေးဘူးလား သူသတိရရင်
တော့ဘာဖြစ်ခဲ့လဲမေးလို့ရလောက်မယ်"

"အင်း....မင်းလဲနားလိုက်ဉီး တစ်နေကုန်ပင်ပန်း
သွားပြီ"

"ဟုပ်ကဲ့"

ပြော​ဆိုပြီးတာနဲ့ Linတစ်ယောက်အခန်းထဲပြန်
ဝင်ကာရှောင်းကျန့်ဆီသို့သွား၍ရေပတ်ထပ်တိုက်
ပေးနေရင်း ရှောင်းကျန့်နှုတ်ခမ်းထက်က
ပေါက်ပြဲနေသည့်ဒဏ်ရာနှင့်လည်ပင်းထက်မှ
နီရဲထနေသည့် အမှတ်ရာများအား
တစ်ဖန်ပြန်ကြည့်ပြီး ထိုကောင်လေးအား
သနားလာမိတာအမှန်ပင်...ဘာဖြစ်ခဲ့လဲဆိုတာ
ရှောင်းကျန့်ကိုသူစတွေ့တဲ့အချိန်တုန်းက
သူနားလည်ခဲ့တယ် အဲ့တုန်းက••••

ကလင် ကလင် ကလင်📲📲

"ဟယ်လို"
"အ အကိုLinကျနော်ပါ ရှောင်းကျန့်"
"အင်း ပြောရှောင်းကျန့်"
"ကျနော်ကျနော်ဘယ်လိုလုပ်ရမလဲ
ကိုကိုလေး သူသူ ကျနော့်ကိုထားခဲ့ပြီ အကို
ကျနော် သူ့ကိုရှာလို့မတွေ့တော့ဘူး အကိုကျနော်
သူမရှိရင်မနေနိုင်ဘူး ကျနော့်ကိုကူညီပါဉီး"
"ရှောင်းကျန့် မင်းအသံကဘာလို့ဒီလောက်တုန်
နေရတာလဲ..အကို့ကိုရှင်းအောင်ပြော..ဘာတြွေဖစ်
နေတာလဲ"
"ကျနော် အကိုင်ရှောင်ပိုင်နဲ့ သွားတွေ့တာ သူမြင်
သွားတယ် ပြီးတော့ကျနော့်ကို.....သူကိုကျနော်
လိုက်ရှာချင်တယ် ဒါပေမယ့် ဒါပေမယ့် ကျနော်
ဘယ်မှမသွားတတ်ဘူး ကျနော်တို့အဆင်ပြေ
တော့မှာလေ"
"ရှောင်းကျန့် အကိုပြောတာသေချာနားထောင်
မင်းစိတ်ကိုအေးအေးထား အကိုအခုလာနေပြီ
မင်းစောင့်နေနော်"

ပြောပြောပြီးချင်းကျနော်သူ့ဆီကို​သွားချင်ပေမယ့်
အစည်းအဝေးကမပြီးတာကြောင့်၅မိနစ်လောက်
ပင်နောက်ကျနေပြီဖြစ်သည်။လာတဲ့လမ်းတစ်
လျောက်လဲမိုးတွေကသည်းကြီးမည်းကြီးကို
ရွာနေတာကြောင့်ကားကိုဂရုတစိုက်နဲ့မြန်နိုင်
သမျြှမန်အောင်မောင်းလာခဲ့သည်။

🐰Who Are You🦁Where stories live. Discover now