Part-1

58 9 0
                                    

ပုံသေသတ်မှတ်ထားတယ်လို့တော့မဆိုနိုင်ပေမဲ့ ဟန်မကျတဲ့ ပုံစံခွက်ငယ်ထဲမှာကျွန်တော့်ဘဝကို ဖြတ်သန်းလာခဲ့ရတာ အသက်၁၉နှစ်အရွယ်ရောက်တဲ့အထိပါပဲ။

Broken Family..ကျွန်တော့်အတွက်ကတော့ လက်ရှိပြိုကွဲနေဆဲ မဟုတ်ပါဘဲ ပြိုကွဲပြီးသား မိသားစုတစ်ခု။

ကာယကံရှင်နှစ်ယောက်ရဲ့ မဟုတ်တရားပြိုင်ဆိုင်မှုမှာ တစ်ဦးတည်းသော သား ဖြစ်တဲ့ ကျွန်တော်က ပြိုလဲသွားတဲ့အက်ကွဲရာတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့တာ။

နားလည်ပေးနိုင်တယ်ဆိုတာထက်ပိုပါတယ်။အများအခေါ် အကျင့်စာရိတ္တပျက်ပြားနေတဲ့သူ၊ စိတ်ရှိသလိုနေတတ်တဲ့ အမေ့ရဲ့စိတ်ကို လက်ခံပေးနိုင်ခဲ့တယ်။အမေ့မှာထွေးပွေ့စရာရယ်ဆိုလို့ ကျွန်တော်ပဲရှိတာလေ။

လူတကာနဲ့ပျော်ပါးခဲ့ဖူးတဲ့အကြောင်းရဲ့ နောက်ဆက်တွဲအကျိုးကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော် တက္ကသိုလ်စတက်တဲ့နေ့မှာ "Baekhyunee"လို့ခေါ်ဝေါ်လာမယ့် အ​မေ့ရဲ့ချီးကျူးစကားသံကိုကြားနိုင်ဦးမှာ။

၁၉နှစ်အရွယ်က ရင့်ကျက်သင့်နေပြီလို့ မသတ်မှတ်နိုင်ပေမဲ့ အခုချိန်ထိ
ရင့်ကျက်သလို ဟန်ဆောင်နေရတာ ပင်ပန်းနေပြီလေ။

• • • 11:11

ဆိုးလ်ရဲ့ တက္ကသိုလ်ပထမဆုံးနေ့က ထင်သလောက် ရိုးရှင်းနေတာတော့မဟုတ်ပါဘူး။

တစ်ပတ်လောက်အလိုကတည်းက သူများတွေ အခြေချနေပြီးတဲ့အချိန်မှာ
မနေ့ကမှBucheonကနေ ဒုန်းဆိုင်းရောက်ချလာတဲ့ Byun Baekhyunတို့တော့ တိုင်ပတ်တာပဲ။

တောသားလေးမြို့တက်လာတဲ့အဖြစ်ကမှ ဘူချွန်းသားလေးဆိုးလ်တက်လာတဲ့ကိစ္စထက် ပိုအဆင်ချောနေဦးမလားလို့တောင်တွေးမိသေးတယ်။မျက်လုံးနဲ့မြင်ရတဲ့ လှုပ်ရှားမှုမှန်သမျှက အစိမ်းသက်သက်တွေချည်းပဲ။

ပို့ပြီးတာနဲ့ အင်ချွန်းကိုတန်းပြန်သွားတဲ့အဖေ့ကို ပြန်ပြောနေလည်း မထူးတာမို့ဖုန်းထဲကမြေပုံလေးတစမ်းစမ်းနဲ့ ဆိုးလ်မြို့ကိုခြေဆန့်ခဲ့ရတယ်။

ပုံမှန်ဆို မနက်စာစားလေ့မရှိပေမဲ့ နေရာအသစ်ကိုရောက်နေတယ်ဆိုတဲ့အသိကြောင့်လားမသိ ပုံမှန်မဟုတ်တဲ့အလေ့အကျင့်တွေကို ကျင့်ယူဖို့တွေးမိတယ်။ကျောင်းနဲ့အနီးနားက caféကိုဝင်ထိုင်ရင်းနဲ့ပေါ့...။ဆိုင်ရဲ့နာမည်ကလည်း တစ်မျိုးပါပဲ 11:11 တဲ့။

in Front of your House at 11:11Where stories live. Discover now