Part-2

35 12 0
                                    

လမ်းမှာတွေ့သမျှလူတိုင်းကို မေးမြန်းရင်းနဲ့ပဲ ကျောင်းရဲ့စာသင်ခန်းထဲထိရောက်လာခဲ့တယ်။ကျောင်းသားတွေတောင် နည်းနည်းများနေပြီမို့လို့ တန်းဝင်ပြီးထိုင်လိုက်တော့တယ်။

ဟူး. . .အဆင်ပြေမှာပါ၊ ဟွာအီတင်း Baekhyun!

"Hello! ပထမဆုံးနေ့မှာတွေ့ရတာ ဝမ်းသာပါတယ်၊ ငါကXiumin"

"အာ ငါကBaekhyunပါ"

ဖော်ရွေပုံရတဲ့ပုံစံကြောင့် အသာအယာပြုံးမိလိုက်တယ်။

"မင်းက ဆိုးလ်ကပဲလား"

"အွန် မဟုတ်ဘူး၊ငါက ဘူချွန်းက"

"ငါလည်း ငယ်ငယ်တုန်းက ဘူချွန်းမှာနေခဲ့ဖူးတယ်၊အလယ်တန်းမှာ ဆိုးလ်ကိုပြောင်းလာခဲ့တာလေ၊ မင်းတစ်ခုခု အကူအညီလိုတာရှိရင် ငါ့ကိုပြောလို့ရတယ်"

"ကျေးဇူး Xiumin၊မင်းနဲ့တွေ့ရတာ ငါတကယ်ကံကောင်းတာပဲ"

"ရပါတယ်၊ဒါနဲ့ စာအုပ်တွေအများကြီးဘာလို့သယ်လာတာလဲ လေးကလေးနဲ့"

"ဒါ ငါဖတ်လက်စစာအုပ်တွေလေ၊ဒီအတိုင်းစာဖတ်ရတာကြိုက်လို့"

"ငါအတွက်တော့ စာအုပ်ဆိုတာ မျက်နှာတောင်မဆိုင်ချင်တဲ့ရည်းစားဟောင်းလိုပဲ"

"အဟား မင်းကတော့ကွာ"

"အော် ဆရာမဝင်လာပြီ"

"ကဲ...ကျောင်းသားတို့၊ အခုလိုတွေ့ရတာ ဝမ်းသာပါတယ်၊ဒီကျောင်းရဲ့ ဂုဏ်တွေကိုလည်း မင်းတို့သိထားပြီးသားဖြစ်မှာပါ၊ဒီနေ့တော့ ဆရာမကစာသင်ဦးမှာမဟုတ်ဘူး"

"ဒီအစား ဆရာမက မေးခွန်းလေးတစ်ခုမေးချင်တယ်"

ပြောရင်းဆိုရင်းနဲ့ ဆရာမက marker penတစ်ချောင်းကိုကောက်ကိုင်လိုက်ပြီး white boardပေါ် စာတချို့ရေးနေတယ်။

"V.I.N.C.E.N.T...V.A.N.G.O.G.H"

"ဆရာမအခုရေးလိုက်တဲ့နာမည်ကိုသိတဲ့သူတွေရှိတယ်ဟုတ်...အဲ့ဒီလူတွေလက်ထောင်ပါဦး"

ဆရာမပြောလိုက်တာနဲ့ လက်ကိုပါတစ်ခါတည်းထောင်မြောက်လိုက်တယ်။Vangogh ဆိုကတည်းက တွန့်ဆုတ်တာတွေဖြစ်နေစရာမလိုတော့ဘူးလေ။သူကBaekhyunသဘောကျရတဲ့ အနုပညာရှင်တစ်ယောက်ပဲ။

in Front of your House at 11:11Where stories live. Discover now