ဇွန် ၁၅၊ ၂၀၂၁
တိမ်တွေကိုအားကျတယ်
တာဝန်ဝတ္တရားတပုံကြီးနဲ့ ဘယ်ကိုမှထွက်သွားလို့မရတဲ့ကျမ လွင့်ချင်တိုင်းလွင့်နေတဲ့ တိမ်တွေကိုအားကျတယ်သူတို့ဘယ်ကလာလို့ ဘယ်ဆီသွားကြမှာပါလိမ့်
ဘယ်သူသိမလဲ
တိမ်တွေကလည်း မြေပြင်မှာရပ်ရင်း မမှိန့်မသုန် သူတို့ကိုမော့ကြည့်နေတဲ့ ကျမကို အားကျချင်ကျနေမှာပေါ့ ဘယ်မှသွားစရာမလိုဘူး တနေရာထဲမှာ ဒီတနေရာထဲမှာပဲ ခြေချထားရတာ သူတို့အတွက်ပျော်စရာကောင်းချင်လည်းကောင်းမှာပေါ့လေ"လွင့်ချင်တိုင်းလွင့်"ဆိုတာ ကျမတယောက်ထဲတွေးမိတွေးရာတွေးကြည့်တာပါ
သူတို့တကယ်ရောလွတ်လပ်ရဲ့လား သွားချင်တဲ့နေရာကိုရော စိတ်လွတ်ကိုယ်လွတ်သွားရရဲ့လား မေးခွင့်ရရင်မေးကြည့်ချင်ပါသေးတယ်ဒီနေ့လည်း ကျမနေထိုင်တဲ့အရပ်ရဲ့ကောင်းကင်မှာ တိမ်တွေ ခရီးထွက်ကြပြန်သတဲ့
မက်မက်မောမော အားကျခြင်းများစွာနဲ့ငေးကြည့်မိပြန်တယ် ထုံးစံအတိုင်းပေါ့