4 0 0
                                    

မရယ်မောဖြစ်တာတော်တော်ကြာပြီ
ကံမကောင်းခြင်းတွေနဲ့ဖွင့်ခဲ့တဲ့၂၀၂၁ပထမဆုံးစာမျက်နှာ
ကတည်းကလို့ပဲဆိုပါစို့

ဇန်နဝါရီမှာ အချစ်ကိုလက်လွှတ်ခဲ့ရတယ်
ဖေဖော်ဝါရီမှာ တရားမျှတခြင်း လွတ်လပ်ခြင်းနဲ့ အိပ်မက်တွေ
စွန့်လွှတ်ခဲ့ရတယ်

တဖြည်းဖြည်းနဲ့ ဘဝများစွာစတေးခဲ့ရတာတွေ
ဘာတခုမှမတတ်နိုင်ဘဲ ဒီတိုင်းကြည့်နေခဲ့ရတယ်

အပြစ်တွေအများကြီးရှိတယ်ဆိုတဲ့စိတ်နဲ့
နေ့ရက်တိုင်းက ငရဲပဲ

ကိုယ့်အတွက်တန်ဖိုးအရှိဆုံး အရေးကြီးဆုံး
သံယောဇဉ်ကြိုးလေးတချောင်းက
ဘဝထဲကအပီးပိုင်ထွက်သွားပြီဆိုတဲ့အဖြစ်မှန်ကို
တပတ်ကျော်မှသိခဲ့ရတယ်

ရူးသွားရင် မဟုတ်လည်း
သေသွားရင် သိပ်ကောင်းမယ်ဆိုတဲ့
အတွေးမတွေးမိတဲ့ရက် မရှိသလောက်ပဲ

ဒါပေမယ့်လေ
အချိန်မကျသေးတော့
ဘယ်အရာမှလုပ်ယူလို့မရဘူး

ဒီတိုင်း ရင်နာရင်း အပြစ်တင်ရင်း ...
အရာအားလုံးအိပ်မက်သာဆို ကောင်းမယ်
၂၀၂၁ကို မသိခဲ့ရင် ကောင်းမယ်

ငါ့ဒိုင်ယာရီWhere stories live. Discover now