နွေရာသီ၏ ပုံမှန်နေ့တစ်နေ့ဖြစ်သည်။
ရန်ကုန်မြို့၏ ခပ်ပြင်းပြင်းအပူချိန်အောက်သွားလာလှုပ်ရှားနေသူများ။ အပူဒဏ်ကိုအံတုကာ လှုပ်ရှားရုန်းကန်နေရသော လူတစ်စုနှင့်အတူ ဗိုလ်ချုပ်လမ်းမကြီးက ကားရောင်စုံတို့ဖြင့် ပြည့်ကြပ်နေလေတော့သည်။
မြို့ပြလူနေမှု၏ ထုံးစအတိုင်း ကားဖြင့်သွားလာသူများရှိသလို၊ လမ်းတစ်ဖက်တစ်ချက်မှာလည်း လူစုကလေးများက ဟိုနားတစ်စု၊ သည်နားတစ်စုဖြင့်စည်ကားနေလို့။
"မေမေတို့က ကြာမှာလား"
စီတန်းနေသော ကားတန်းကြီးကြားထဲက မတ်တူးကားလေးပေါ်မှလာသော စကားသံဖြစ်သည်။ တစ်နည်းပြောရလျှင် ဗိုလ်ချုပ်ဈေးအဝင်ဝတွင်ပင် အထဲသို့ကွေ့ရန် တန်းစ်ီနေရသော ကားတန်းကြီး၏ နောက်ဆုံးမှ ကားကလေး။
"အောင်မင်းသန့် မင်း နည်းနည်း စိတ်ရှည်ပေးစမ်းပါ။ မေမေ့မှာ ခုထိ ဈေးထဲတောင်မရောက်သေးဘူးလေကွာ"
မောင်းသူနေရာမှ လူငယ်လေးက အပြင်ပန်း ရင့်ကျက်ပုံရသော်လည်း စိတ်ကတော့ရှည်ပုံမရပေ။ ကားတန်းကို ခေါင်းပြူကြည့်လိုက်၊ သက်ပြင်းချလိုက်ဖြင့်သာ လုပ်နေလေတော့သည်။
ဟုတ်တော့လည်းဟုတ်သည်။ အိမ်တွင် ဒရိုင်ဘာရှိသည့်တိုင် မိခင်ဖြစ်သူရော ညီမဖြစ်သူရောက အပြင်သွားစရာရှိလျှင် သူ့ကိုသာ ချောဆွဲနေကျ။
အောင်မင်းသန့်တို့က သားအမိသုံးဦးတည်းနေကြသည်။ မောင်နှမသုံးယောက်ရှိသော်လည်း မမကြီးကမူ နိုင်ငံခြားကို ကူးချည်သန်းချည်မို့ အိမ်တွင် သူတို့သားအမိသုံးဦးတည်းသာနေကြ၏။
မေမေက မမကြီးနှင့်သူ့ကို မွေးပြီး ဆယ့်နှစ်နှစ်ကြာမှ ညီိမကလေးကိုမွေးဖွားခဲ့သည်။ ပြောရလျှင်တော့ ညီမကလေးက သူတို့နှင့်ဆိုလျှင် အမေတူအဖေကွဲ။
မမကြီးနှင့်သူ လူလားမမြောက်သေးခင်မှာပင် ဖေဖေကဆုံးပါးသွားခဲ့ရသည်။ အောင်မင်းသန့်တို့က မျိုးရိုးစဉ်ဆက် ငွေကြေးပြည့်စုံသူများဖြစ်ကြသည်။ အစဉ်အလာအရ အသက်သုံးဆယ်ကျော်မေမေ့ကို တစ်ခုလပ်အဖြစ်မမြင်လို၍ နီးစပ်ရာ ဂုဏ်သရေရှိထဲမှ လုပျိုလူလွတ်တစ်ဦးနှင့် ပေးစားလိုက်ကြသည်။
YOU ARE READING
R e m i n i s c e n e (OneShot)
Short StoryBibliophilia" ဆိုတဲ့ စာအုပ်ထဲက မာန့်ရဲ့ Mini Story လေးပါရှင်။