( ၁ ) ကမ္ဘာများစွာ(ကမ႓ာမ်ားစြာ)

86 14 9
                                    

            #Unicode

ကျွန်ုပ်ဟာ လေသင့်သလိုသွားတတ်တဲ့ အတွေးများစွာနဲ့ စိတ်ကူးယဥ်နေတတ်တယ်။ တစ်ခါတစ်ရံမှာ လူသားတွေဟာ စွမ်းအားတွေအသုံးပြုနိုင်တယ်လို့ ယုံကြည်မိတယ်။ သို့ပေမယ့် လူသားတွေ စွမ်းအားတွေကို အသုံးမပြုနိုင်တာဟာ မိမိတို့နေထိုင်တဲ့ ကမ္ဘာမြေကြီးကြောင့်ပဲလို့ထင်မိပါတယ်။

မိမိတို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ ဝိညာဥ်စွမ်းအားတွေ နိမ့်ကျပြီး သန့်စင်မှုမရှိတဲ့ ကမ္ဘာကြီးတစ်ခုလို့ထင်မြင်မိတယ်။ တစ်နည်းအားဖြင့် ရှန်းရှသိုင်းလောကတွေထဲမှာ တွေ့ရတတ်တဲ့ သန့်စင်လှတဲ့ " ဝိညာဥ်စွမ်းအားတွေ" ၊ နောက်တစ်မျိုးဆိုရရင် "မန်နာ "ဆိုတဲ့
စိတ်စွမ်းအားတစ်မျိုးပေါ့ ။ ထိုအရာတွေဟာ မိမိတို့ လောကကြီးထဲမှာ *မရှိကင်းမဲ့* နေတာကြောင့် မိမိတို့ လူသားတွေဟာ စွမ်းအားတွေအသုံးမပြုနိုင်တာလို့ ဆိုလိုချင်ပါတယ်။
(လုံးဝကင်းမဲ့နေတာမျိုးတော့မဟုတ်ပေမယ့် မရှိဘူးလို့လည်းဆိုလို့မရသလို ရှိတယ်လို့လည်းဆိုလို့မရပါဘူး။)

စင်္ကြာဝဠာကြီးဟာ အဆုံးမရှိ ကျယ်ပြန့်လွန်းလှတယ်။
သိပ္ပံပညာရှင်တွေတောင် စင်္ကြာဝဠာရဲ့ အဆုံးထိတိုင် မတိုင်းတာနိုင်သေးဘူး။
အလင်းနှစ် သန်းပေါင်းများစွာ ကျယ်ပြန့်လွန်းတဲ့ စင်္ကြာဝဠာကြီးထဲမှာ ကမ္ဘာပေါင်းမြောက်များစွာ သတ္တဝါပေါင်းမြောက်များစွာ တည်ရှိနေမှာ အမှန်ဧကန်ပါဘဲ။ 

အဲ့လိုပဲ... မိမိတို့ ကမ္ဘာ​ကြီးရဲ့အလွန်မှာ
တစ်ခြား ကမ္ဘာတစ်ခုလည်းတည်ရှိနိုင်တာကိုတော့ တွေးမိကြလောက်မှာပါ။

ကဲ...မိမိတို့တွေ အရှေ့ကို နဲနဲလောက် ပိုပြီးတွေးကြည့်ကြရအောင်။

မိမိတို့မှာ နေတစ်လုံးလတစ်လုံးရှိနေပေမယ့် တစ်ခြားကမ္ဘာတစ်ခုမှာတော့
နေတစ်လုံးထက်ပိုမယ် ဒါမှမဟုတ် လတစ်လုံးထက်လည်း ပိုရင်ပိုနိုင်တာပဲမလား။ ဤကဲ့သို့ မိမိတို့တွေက သာမန်လူတွေဖြစ်နေကြသလို အဲ့ကမ္ဘာပေါ်က
လူသားတွေကတော့ စွမ်းအားတွေအသုံးပြုနိုင်တာလည်း ဖြစ်ရင် ဖြစ်နိုင်တယ်မလား။
မိမိတို့က သက်တမ်း ၁၀၀ပဲနေနိုင်ကြတယ်ဆိုရင် သူတို့က သက်တမ်းရာနဲ့ချီပြီး နေနိုင်ကြတာလည်း ဖြစ်ရင်ဖြစ်နေဦးမှာ...။

You've reached the end of published parts.

⏰ Last updated: Jun 16, 2021 ⏰

Add this story to your Library to get notified about new parts!

စိတ်ကူးအတွေးများWhere stories live. Discover now