သေသောသူကြာရင်မေ့မယ်
ဆိုတဲ့စကားက lisaအတွက်
တော့မှားနေသယောင်....
၃နှစ်ဆိုတဲ့အတိုင်းတာတခုကို
ရောက်ခဲ့ပြီအခုထိ သူမ ကို
Lisaမမေ့နိုင်သေး...မေ့နိုင်ဖို့ကိုလည်းမကြိုးစားခဲ့ဖူး
တလတခါသူမ ရှိတဲ့နေရာလေးကို
Lisaရောက်အောင်သွားတယ်
သူမ ကြိုက်တဲ့ နေကြာပန်းလေးကို
ယူသွားဖို့်ကိုလည်းမမေ့မလျော့ပဲနဲ့ပေါ့...အချစ်ရှိရာကိုသွားပါမယ်ဆိုမှ
ရာသီဥတု ကအုပ်မှိုင်းမှိုင်းဖြစ်နေသလို...
ဘယ်လိုအရာတွေတားတား lisaသူမ ရှိရာ
ကိုရောက်အောင်အမြဲသွားသည်။
လက်ထဲကစီးကရက် ကိုတချက်ဖွာလိုက်ကာ"ဒီချိန်ဆိုမင်းကိုယ့်အလာကိုမျော်နေလောက်ရောပေါ့"
လို့တိုးတိုးလေးညည်းတွားလိုက်ရင်း
သူမဆီသွားဖို့ထွက်လာလိုက်သည်။ရောက်ပါပြီသူမရှိတဲ့နေရာလေးကို
ဒီကျောတနေရာအိမ်ငယ်လေးက
ကိုယ့်ရင်ခွင်လောက်နွေးထွေးပါ့မလား..."အလွမ်းတွေနဲ့ဒို့ကိုတယောက်ထဲထားပြီးထွက်သွားတာ
သိပ်ကြာပြီနော် ""ပြန်မလာတော့ဘူး လားဟင်"
"အရမ်းတကိုယ်ကောင်းဆန်တယ်မထင်ဘူးလား ဒို့ကို
တယောက်ထဲထားခဲ့ပြီး ထွက်သွားတယ်"" သိပ်မကြာပါဘူး ဒို့မင်းရှိရာရောက်လာတော့မှာပါ"
လို့ခြောက်ကပ်ကပ်ရယ်သံလေးနဲ့ပြောလိုက်သည်။
မိုးရွာရင်ကြားနေစမြဲဖြစ်တဲ့ မိုးချိန်းသံတွေ
ကြားရင်ကြောက်နေမှာဆိုးလို့ ထီးတချောင်းနဲ့
သူမဘေးမှာအကြာကြီးအဖော်ပြုပေးနေချိန်
ကြားလိုက်ရတဲ့အသံကြောင့် ဘေးဘီဝဲယာကို
ကြည့်လိုက်ချိန်..."လူယုတ်မာတွေကျွန်မကိုလွှတ်..."
မိန်းကလေးတယောက်ကို ယောကျာ်းသား
သုံးယောက်က အတင်းဆွဲခေါ်နေတဲ့မြင်ကွင်း...
ပြသနာပဲ ကိုယ်သူမကိုနောင်ဘယ်တော့မှရန်မဖြစ်ဘူး
လို့ကတိပေးထားသောကြောင့် မြင်နေရသောမြင်ကွင်းကို
မျက်နှာလွဲလိုက်သည်။