နန်းတော်ထဲကိုဝင်တာနဲ့ အကုန်လုံးကပျော်ရွင်နေကြတယ် စစ်ပွဲနိုင်လာတာကြောင့်လေ liလည်းအနားချင်နေပြီညအချိန်ကိုရောက်နေပြီလေ liနန်းဆောင်ထဲဝင်သွားတော့မိဖုရားကမှန်ရှေ့မှာမတ်တပ်ရပ်ကာမှန်ကြည့်နေတယ် ညအိပ်ဝတ်စုံပိုးသားအပါးလေးသာဝတ်ထားတဲ့မိဖုရားကို liကြည့်နေမိတယ် နတ်ဖုရားမလိုဘဲအရမ်းလှတယ်
Jen="အကြာကြီးကြည့်နေတာဘဲဘုရင်li"
မိဖုရားရဲ့လေသံမာမာကြောင့်မိဖုရားကိုဆက်မကြည့်တော့ဘဲတခြားနေရာငိုအကြည့်လွဲကာခေါင်းအလိုလိုငုံမိတယ်
Li="ကိုယ်တော်တောင်းပန်ပါတယ် သတိလက်လွတ်ဖြစ်သွားလို့ပါ"
Jen="စစ်ပွဲနိုင်လာတဲ့အတွက်ဂုဏ်ယူပါတယ်ဘုရင်li ဘုရင့်ကိုမုန်းရင်တောင်ပြည်သူတွေအစားဝမ်းသာပေးတာပါ"
Li=" ကျေးဇူးပါ မိဖုရား ဒီညတော့နန်းဆောင်မှာဘဲအိပ်ခွင့်ပြုပါနော် ကုတင်ပေါ်မှာမဟုတ်ပါဘူး နန်းဆောင်မှာဘဲအိပ်မှာပါ မိဖုရားအသားကိုလုံးဝမထိပါဘူး"
Jen-"ကောင်းပါပီ သွားအနားယူပါတော့"
ဘယ်သူ့အမိန့်မှliကမိဖုရားတစ်ခွန်းပြောတာနဲ့ ခေါင်းညိမ်ကြာရေချိုးခန်းဆောင်ထဲဝင်လာခဲ့ရတယ် နောက်တော့အတန်ကြာရေစိမ်ကာချိုးပြီးတော့ညအိပ်ဝတ်ရုံလဲလာ အိပ်ဆောင်ကိုပြန်ဝင်လာခဲ့တယ်
Li="မိဖုရား မနက်ဖြန်ကျရင်ကိုယ်တော်ကိုအချိန်ပေးနိုင်မလား"
Jen-"ဘာအကြောင်းကြောင့်လဲ"
Li="မိဖုရားကိုခေါ်ပြီးပြစရာနေရာရှိလို့ပါ...အသားလုံးဝမထိပါဘူးစိတ်မပူပါနဲ့"
Jen="ကောင်းပီလေ မိဖုရားဆိုတော့ဇနီးမယားတာဝန်အရလိုက်ပေးလိုက်မယ်"
Li="ကောင်းပါပီ"
Jenကိုဘုရင်ကသွားတွေအကုန်ပေါ်အောင်ရယ်ပြနေပြန်ပါတယ်
Li="ဒါဆို သေချာအိပ်ဆက်ပါမိဖုရား"
Liလည်းနန်းဆောင်ထဲထွက်လာပြီးနန်းဆောင်ထဲမှာဘဲအိပ်လိုက်တယ်
မနက်ရောက်သော်~~~~
Liမိဖုရားကိုခိုးကြည့်နေမိတယ် အိပ်ခန်းတံခါးဝကနေပေါ့အရင်တစ်ခါလိုပြောမှာကြောင်လို့အခန်းဝကနေချောင်းကြည့်နေတာလေ မိဖုရားအိပ်နေတာလေးကိုအမှန်ပင်ချစ်ဖို့ကောင်းတယ် ခနနေတော့မိဖုရားကနိုးလာပြီးရေချိုးဆောင်ထဲဝင်သွားတယ် liလည်းသေချာပြင်ဆင်ပြီးနေပေမယ့် သေချာပြန်ပြင်ဆင်နေမိတယ် မိဖုရား ရှေ့မှာအကောင်းဆုံးတွေဘဲဖြစ်စေချင်မိတယ်
ခနအကြာမှာတော့မိဖုရားကအိပ်ဆောင်ထဲကနေပြင်ဆင်ပြီးထွက်လာတယ်
Jen="အဆင်သင့်ဖြစ်ပါပြီဘုရင်li"
Li="မိဖုရားကလှလိုက်တာ.....အာ.....သွား..သွားကြမယ် မိဖုရား"
Liလည်းရှက်ကိုးရှက်ကန်းနဲ့အရှေ့ကနေမြင်းဇောင်းကိုသွားနေလိုက်တယ် အနောက်ကလိုက်နေသူမျက်နှာမှာရှိနေတဲ့မိန်းကလေးကဲ့အပြုံးတွေကိုတော့ ဘုရင်liမသိခဲ့ပါဘူး
မြင်းဇောင်းရောက်တော့
Li="ဒီမှာမိဖုရားအတွက်မြင်း မိဖုရားကြိုက်လောက်မယ်ထင်လို့ အကောင်ကြီးကြီးအပြေးသန်စီးလို့ကောင်းပြီးလိမ်မာတဲ့အကောင်ကိုသေချာရွေးပေးထားတာ"
Jenလည်းမြင်းလေးကိုသေချာကိုင်ကြည့်လိုက်တယ်မြင်းကအမဲရောင်လေးနှင့်အတော်ပင်အကောင်ကြီးသည်
Jen="နာမည်ကဘယ်လိုတဲ့လည်း"
Li="သူကjack အခုliအကောင်ကjony. Liငယ်ငယ်တုန်းကအရမ်းချစ်ရတဲ့မြင်းမကြီးကမွေးထားတာ jackကအကြီးjonyကအငယ်ငယ်ငယ်တုန်းကသေးသေးလေးတွေအခုတော့တေယ်တော်ထွားနေပြီ"
Jen="ဒါဆိူ လည်းသွားကြရအောင်"
Li="ဟုတ်ပါပီမိဖုရား"
Liလည်းမြင်းပေါ်တက်ပြီးတာနဲ့မိဖုရားကမြင်းဆီကိုကျွမ်းကျင်စွာတက်လိုက်တယ် ပြီးတော့liကဘဲသွားရမယ့်နေရာဆီအရှေ့ကဦးဆောင်လိုက်တယ်
Li-"မိဖုရား ကကျွမ်းကျင်သားဘဲမြင်းစီးတာ"
Jem="အကိုတော်jiwooသင်ပေးထားလို့ပါမိန်းကလေးတွေလည်းအတက်ပညာတွေတက်ထားသင့်တယ် အနည်းဆုံးတော့ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တာပေါ့"
Li="ကောင်းသားဘဲ မိဖုရားရဲ အရှေ့ဆိူရောက်ပီနော်"
Jenကြည့်လိုက်တော့ ပန်းခင်းကြီးပင် ပန်းတွေအညီအညာစိုင်ထားသည်းပန်းခင်းကြီးjenလည်းမြင်းပေါ်ကဆင်းလိုက်ပြီး liliပန်းတွေတစ်ဖက် နေကြာပန်းတွေကိုတစ်ဖက်ဆီဆိုက်ထားတာချစ်စရာလေးပင်
Li-"သွားလေမိဖုရားမြင်းကိုကိုယ်တော့်ဆီပေးသွားပါ"
Jemလည်းမြင်းကိုဘုရင့်ဆီပေးခဲ့လိုက်ပြီးပန်းခင်ထဲကိုသွားလိုက််တယ် လတ်ဆတ်တဲ့လေကိုရှုရှိုက်ရင်နေမင်းရဲ့အလှတရားနဲ့ပန်းပင်တွေရဲ့အလှတရားကိုသေချာခံစားနေလိုက််တယ် မြင်ရတဲ့မြင်ကွင်းက ပန်းချီလှလှတစ်ချပ်လိုပင်
Liမြင်းဇာတ်ကြိုးကိုသေချာချည်ပေးပြီးတော့မိဖုရားအနားကိုသွားရပ်လိုက်ပြီး
Li="သဘောကျရဲ့လားမိဖုရား...."
Jenလည်းအပြုံးတွေကိုပြန်သိမ်းပြီး
Jen="ဘာကိုလည်း ဒါသာမန်ပန်းတွေဘဲလေ ပြောဖူးတယ်မဟုတ်လားဘုရင်နဲ့အတူရှိနေသ၍ဘယ်တေယ့မှအဆင်မပြေမပျော်ရွင်နိုင်ဘူးဆိူတာ"
ဘုရင်ကိုကြည့်လိုက်တော့ စိတ့ရှုပ်ပြီးမျက်နှာညိုးစွာအောက်ငုံသွားတယ်
Li="ဒါဆိူလည်း ကိုယ်တော်ဟိုဘက်ခနသွားအုံးမယ်နော် မိဖုရားဒီမှာခနနေအုံး"
မျက်နှာညိုးစွာထွက်သွားတဲ့ဘုရင့်ကိုကြာ့်ပြီးစိတ်မကောင်းဖြစ်မိသည် ဒါပေမယ့်စိတ်မကောင်းတယတွေကိုမေ့ဖျောက်ပြီမုန်းရမယ်လို့သာကိုယ့်ကိုကိုယ်ပြန်သတိပေးမိနေသည် jenလည်းသဘာဝအလှတရားတွေကိုသေချာခံစားရင်းလျောက်ကြည့်နေမိသည် အချိန်အတန်ကြာသည် ဘုရင်ကပြန်မရောက်လာ jenစိတ်ပူလာရသည်ဘယ်များကောက်သွားလဲဆိူတာကို ထနနေတေယ့နေကြာခင်းထဲကနေတိုးထွင်လာတဲ့ဘုရင်li ဝတ်ရုံမှာလည်း အရွက်စတွေကပ်နေပြီးလက်မှာလည်း liliပန်းနှင့်နေကြာပန်းကိုကိုင်ထားသာ့်ကြည့်ရတာအကုန်လုံးကိုစုစည်းထားပုံပင် ပြီးတော့jenရှေ့ကို့ပန်းစည်း ကိုလာပေးတယ်
Li="မိဖုရားအတွက် အကောင်းဆုံးပန်းပွင့်တွေဘဲ ခူးလာတာ ကြိုးလေးနဲ့ပါပတ်ပြီးပန်းစည်းလုပ်ပေးထားတယ် မိဖုရား"
Jenပျော်မိသွားတယ် တစ်ခါမှအဲ့လိုဂရုစိုက်ကြင်နာမခံရဖူးဘူး ပြီးတော့ဘုရင်ရဲ့အပြုံးလှလှတွေကြားမှာနစ်မြောမိသွားတယ် ပြီးမှကိုယ့်စိတ်ကိုပြန်ထိန်းပြီး
Jem-"ဘာကြောင်သူ့ဘာသာသူလှနေတဲ့ပန်းတွေကိုခူးပစ်ရတာလည်း သူ့သဘာဝအလှနဲ့သူလှနေတဲ့အရာကို"
ဘုရင့ကဂုတ်ပိုးကိုပွတ်ပြီးထက်စိတ်ရှုပ်သွားပုံပင်
Li="ကိုယ်တော်ကတော့ သူ့ဘာသာလှနေတဲ့ပန်းထက် မိဖုရားကိုင်ထားတဲ့ပန်းကပိုလှတယ်လို့ထင်တယ် အဲ့တာကြောင့်မိဖုရားကိုပေးချင်လွန်းလို့ခူးခဲ့တာကြိုက်မယ်လို့မျှောလင့်နေတာ.....ဟူးးးး"
အဲ့လိုပြောပြန်တော့လည်းစိတ်ထဲမကောင်းမိပြန်ဘူး
Jen="ကဲပေးပါလက်ခံပေးမယ် ဒါပန်းတွေကိုနှမြောလွန်းလို့ဆိူတာသိထားပါ"
Li="မိဖုရားလက်ခံရင်ကိုကျေနပ်တယ် ရော့"
Jenလည်းဘုရင်ပေးတဲ့ပန်းစည်းလေးကိုယူလိုက်တယ်
Li="မိဖုရား ကိုယ်တေယ်နောက်ကလိုက်ခဲ့ပြစရာရှိသေးတယ်"
Jenလည်းဘုရင်အနောက်ကနေလိုက်လိုက်သွားတော့တွေ့လိုက်ရတာကရေတံခွန်အကြီးကြီးရေတံခွန်ကရေတွေကအရှိန်အဟုတ်နဲ့စီးဆင်းနေပြီးဘေးနာကသစ်ပင်တွေဟာလည်းစိမ်းလမ်းဆိုပြေနေတယ်
Jen-"ဒါဘယ်နေရာလည်းဘုရင်"
Li="ဒါliနိုင်ငံရဲ့မြောက်ဖက်လေ ဒီရေတံခွန်ကြီးနာမည်ကLiImလို့ခေါ်တယ်liနိုင်ငံနဲ့Imနိုင်ငံရဲ့ချစ်ကြည်ရေးရေတံခွန်ချောင်းကြီးလေ အရမ်းလှတဲ့ရေတံခွန်ကြီးပေါ့.....မိဖုရားသဘောကျပါ့မလားတေံမသိပေမယ့် မိဖုရားကိုဒီလိုသာယာတိတ်ဆိတ်တဲ့နေရာကိုခေါ်လာချင်တာ "
ဘုရင်ကပြောပြီးတာနဲ့အဆင်သင့်ပါလာတဲ့ပုလွေကိုစတင်တီးမှုတ်တယ် ပုလွေသံကသာယာလွန်းလို့ jemမြေယသွားမိသည် ပုလွေကိုမျက်လုံးမှိတ်ကာခံစားရင်တီးမှုတ်နေသည့် ဘုရင်ဟာအလွန်ကြည့်ကောင်းလွန်းလှသည်
Jenမသိလိုက်ခင်အချိန်အတွင်းမှာဘဲဘုရင်ဟာjenနှလုံးသားထဲမှာနေရာဝင်ယူထားခဲ့ပြီဆိူတာကိုjenမသိခဲ့
ပုလွေတီးမှုတ်ပြီးတော့
Li="နားညီးသွားလားမိဖုရား...ကိုယ်တေယ်ကဒီလိုတိတ်ဆိတ်တဲ့နေရာတွေဆိုပုလွေမှုတ်ရတာကြိုက်လို့ပါ"
Jen="ဘာမှမဖြစ်ပါဘူးဘုရင်li"
Li=ပြန့ကြမလားမိဖုရားညနေစောင်းနေပြီ မိဖုရားပွဲတော်တည်ရအုံးမယ်လေ"
Jen-"သွားကြပါမယ်ဘုရင်li"
Jenတို့လည်းပြန်ခဲ့လိုက်တယ် အသွားနဲ့မတူဘဲအပြန်ကျတော့jen ဘုရင့်ကိုခိုးခိုးကြည့်နေမိတယ် jenဝန်ခံပါတယ်ဘုရင့ကိုရင်ခုန်မိပြီးနှလုံးသားထဲမှာဘုရင်ကနေရာအနည်းငယ်နေရာယူနေပြီဆိုတာ.....
နှလုံးသားအပြည့်နေရာယူထားတာကိုjenသတိမထားမိရှာပါဘူး
နန်းတော်ပြန်ရောက်တော့ နှစ်ဦးလုံး နန်းဆောင်ကိုပြန်လာခဲ့တယ်
Li-"အထိန်းတွေမိဖုရားအတွက်ပွဲတော်သွားပြင်ခဲ့"
အထိန်းတော်-"အမိန့်အတိုင်းပါ အရှင်မင်းမြတ်"
ခနနေတော့အထိန်းတော်ကပြန်ရောက်လာခဲ့တယ်ပွဲတော်နဲ့အတူ
အထိန်းတေယ်တွေအခန်းအပြင်ထံက်သွားတော့
Li="ဒါဆို ကိုယ်တော် ပြန်တော့မယ်နော်မိဖုရားဒီနေ့တစ်ရက်အချိန်ပေးလို့ကျေးဇူးတင်ပါတယ်နော်"
Jenနည်းနည်းတော့ကြောင်မိတယ် သူ့နန်းဆောင်ဒီမှာလေဘုရင်ကဘယ်ကိုပြန်မှာလည်း ပြီးတော့ဘုရင်လည်းပွဲတော်မတည်ရသေးဘူးမဟုတ်ဘူးလား
Jen-"ဘယ်ကိုပြန်မှာလည်းဘုရင်က"
Li-"Bamတို့ဆီကိုပါ အဲ့မှာနေနေတာလေ ဒါဆိုခွင့်ပြုအုံးနော်မိဖုရား ညကျရင်လည်းကောင်းကောင်းအိပ်စက်ပါအုံးနော်"
ပြုံးပြပြီးထွက်သွားပြန်ပြီ ကိုယ့်နန်းဆောင်မှာကိုယ်မအိပ်ဘဲဘုရင်ကBamတို့နဲ့သွားနေနေတယ်ဆိုတာjenရဲ့မမြင်ချင်ဘူးဆိူတဲစကားကြောင့်ဆိုတာသိပါတယ် ခနလောက်အချိန်ပေးပြီးနှလုံးသားထဲမှာဘုရင်ရှိတာသေချာရင်တော့ နန်းဆောင်မှာနေဖို့ပြန်ခေါ်ရပါမယ် ဘုရင်ကအခုလိုနန်းဆောင်မှာမအိပ်တာမသင့်တော်ဘူးလေ
ဘုရင်နဲ့တွေ့ပြီးနောက်ပိုင်းအကိုတော်ကိုသတိမရသလိုဘာမှမဖြစ်ခဲ့ဘူး အချစ်ခဲ့လို့လား ဘုရင်နဲ့ကျတော့အကိုတေယ်နဲ့ကုလိုမဟုတ်ဘဲအမျိုးမျိုးရင်ခုန်မှုတွေခံစားရပြီးတစ်ခါမှမဖြစ်ခဲ့ဘူးတဲ့စိတ်မျိုးတွေခံစားချက်တွေထွက်ပေါ်လာခဲ့တယ် အကိုတော်နဲ့တုန်းကအချစ်မစစ်ခဲ့လို့လား......
#level-8
YOU ARE READING
သိပ်ချစ်ရပါသော_____မိဖုရား
Historical Fictionရေးချင်လွန်းလို့ပါအရင်ခေတ်ပုံစံနဲ့အမြင်မတော်တာရှိရင်လည်းကြိုတောင်းပန်ပါတယ်နော်အသုံးအနှုန်းတွေမှားရင်လည်းခွင့်လွှတ်ပေးပါနော် ဒီficကိုအရင်ရေးလက်စတစ်ပုဒ်ပြီးရင်သေချာupပေးပါမယ်စစချင်းတော့သီးခံပေးကြပါ