"ငယ်လေးရေ ထတော့လေကွာ... ဘယ်အချိန်ရှိနေပြီလဲ..."
ခြေထောက်ကိုလှုပ်ပြီးနှိုးနေတဲ့ ကိုကို့အသံကို မကြားချင်ယောင်ဆောင်ပြီး စောင်ခေါင်းမြီးခြုံကာဆက်အိပ်နေလိုက်သည်။
"ငယ်လေး အိပ်ပုတ်.... ကိုကိုနဲ့အတူ မနက်ခင်းလမ်းလျှောက်ထွက်မယ်ဆို... ထတော့လေကွာ နေပူလာရင်လျှောက်လို့မကောင်းတော့ဘူးကွ..."
"နောက်နေ့မှပဲ လျှောက်တော့မယ် ကိုကိုရာ... အခု ငယ်အရမ်းအိပ်ချင်နေလို့..."
"အဲ့လိုပဲပြောနေတာ ဘယ်နှစ်ရက်ရှိနေပြီလဲ... ဒီနေ့တော့ လုံးဝအလျှော့မပေးတော့ဘူး မနိုးနိုးအောင် နှိုးမယ်...."
စကားအဆုံးမှာ လေထဲမြောက်တက်သွားတဲ့ ခန္ဓာကိုယ်ကြောင့် အလန့်တကြားမျက်လုံးဖွင့်ကြည့်မိတော့ ကိုကိုကသူ့ကိုပွေ့ချီထားလေသည်။
"ကဲ ထမလား မထဘူးလား.... မထသေးဘူးဆိုရင်တော့ ကိုကိုက ဒီအတိုင်း အိမ်အပြင်ခေါ်သွားမှာနော်.... "
"ထပြီ ထပြီ...."
သူ့ရဲ့ကြောက်လန့်တကြားဖြေသံကြောင့် ကိုကို ရီပြီး သူ့ကိုအောက်ချပေးလေသည်။ မကြောက်လို့မရ ဟိုတစ်ခါကလည်း သူ့ကိုချီပြီး အိမ်အပြင်ထွက်သွားတာကြောင့် အိမ်နီးချင်းတွေဝိုင်းစတာ ခံရဖူးသေးသည်။
"မျက်နှာမြန်မြန်သစ်ပြီ ထွက်လာခဲ့လိုက်နော်... ကိုကိုစောင့်နေမယ်..."
"ဟုတ်..."
ကိုကိုထွက်သွားတော့ သူလည်း ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်သွားတိုက်လိုက်သည်။ ပြီးတော့ လမ်းလျှောက်ထွက်ဖို့အတွက် အားကစားဝတ်စုံလဲပြီးထွက်လာတော့ ကိုကိုက အိမ်တံခါးဝမှာ စောင့်နေလေသည်။
"အင့် ဒီဖိနပ်လေးစီး... ကိုကိုစီးပေးမယ်..."
"ကိုကိုကလည်း ငယ် ကလေးမဟုတ်တော့ပါဘူး.... ငယ့်ဘာသာစီးတတ်ပါတယ်..."
"တော် တိတ်... ငယ့်ဘာသာဆို ဖြစ်သလိုစီးမှာလေ... "
ကိုကိုက သူ့ဖိနပ်ကြိုးကိုတင်းနေအောင် သေချာချီပေးလေသည်။
"ရပြီ... လာ သွားကြစို့ "
ကိုကို ခပ်သွက်သွက်လျှောက်ကာ ထွက်သွားတော့ ဂျီမင် အနောက်ကနေအပြေးကလေးလိုက်ရသည်။ ကိုကိုကလည်း သူ့ထပ်အရပ်လည်းရှည်ပြီး လမ်းလျှောက်တာလည်းမြန်တာကြောင့် ဂျီမင် မနည်းအမှီလိုက်ရလေသည်။
YOU ARE READING
Sunday Lover [Completed]
Short Storyတနင်္ဂနွေနေ့တစ်ရက်သာတွေ့ခွင့်ရတဲ့ ချစ်သူနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်