အပိုင်း(3)

812 56 3
                                    

Zawkyi code-

နှလုံးသားနှင့်ရင်း၍
အပိုင်း(3)

ဝေယံလင်း အိမ်အရောက်အခန်းထဲ
တန်းဝင်သွားတော့သည်။တံခါးကိုမှီကာ
ထိုင်ချလိုက်ပြီး ယောကျာ်းကြီးတန်မဲ့ငိုကြွေး
နေတော့သည်။

"တောင်းပန်ပါတယ်ကလေး...ကိုကိုတောင်း
ပန်ပါတယ်...ကိုကို့ကြောင့်...ကိုကို့ကြောင့်..
ကလေးခံစားသွားရပြီ....ကိုကိုကသတ္တိ
မရှိတဲ့ကောင် အချစ်အတွက်မစွန့်စားရဲတဲ့
သရဲဘောကြောင်တဲ့ကောင်ပါ"

ဝေယံလင်း သူ့ကိုယ်သူအပြစ်တင်နေမိတယ်။

သမုဒ္ဒရာခင်ကတော့ လက်ကစေ့စပ်လက်စွပ်
ကိုသာကြည့်ရင်း ပြုံးနေတော့သည်။

"ရှင်နဲ့ကျွန်မ မကြာခင်လက်ထပ်ရတော့မယ်။
ကျွန်မတွေးရင်း အရမ်းပျော်တာပဲ ရှင်ရော
ကျွန်မပျော်သလိုပျော်နေမလားသိချင်လိုက်
တာ"

"ရှင့်ရဲ့မျက်ဝန်းတွေကို ကျွန်မအခုထိပြန်
မြင်ယောင်နေတုန်းပဲ ရှင့်ကျွန်မကို
ပြုစားလွန်းတယ် ကိုဝေယံရယ်..."

ကွန်းခိုရာ နိုးလာတော့ အရင်မြင်လိုက်ရတဲ့သူက ပိုင်ဖြိုးပင်။

"ပိုင်ပိုင် ငါဘာဖြစ်သွားတာလဲဟင်"

"မင်းသတိမေ့သွားတာ ခိုရာ"

"ခုဏက ငါအိမ်မက်မက်နေတာထင်တယ်
ဟုက်တယ်မလားဟင်...ငါအိမ်မက်မက်နေတာမလား?"

ပိုင်ဖြိုး ပြန်မဖြေခေါင်းကိုသာ ငုံ့ထားတော့
သည်။

"ဖြေစမ်း ပိုင်ပိုင်! ငါအိမ်မက်မက်နေတာမလား...ဖြေလေ...ခေါင်းငုံ့အနေနဲ့ငါမေးတာ
ဖြေစမ်းပါ"

"စိတ်ကိုအေးအေးထားပါခိုရာ"

"ငါစိတ်မရှည်ဘူးနော်ပိုင်ဖြိုး ငါမေးတာဖြေ!!
ဖြေလေ"

"ငါတောင်းပန်ပါတယ်ခိုရာ"

"ဘာကိုတောင်းပန်တာလဲ? ငါမေးတာမဖြေ
သေးဘူးနော်...ဖြေလေ...ငါအိမ်မက်မက်နေခဲ့တာမလား?"

"အိမ်မက်မဟုက်ဘူးခိုရာ"

"မဟုက်ဘူးမင်းလိမ်တာ ငါအိမ်မက်မက်နေခဲ့တာ...ဟုက်တယ်...ငါအိမ်မက်မက်ခဲ့တာ"

နှလုံးသားနှင့်ရင်း၍Where stories live. Discover now