"အကိုရှောင်း........."
နေမကောင်းသူဝမ်ရိပေါ်အတွက် ဆန်ပြုတ်ကို ကိုယ်တိုင်ပြင်ဆင်ပေးနေတဲ့ ရှောင်းကျန့်အား ကျိရန်ဘေးမှ ကူပေးနေရင်း
ခေါ်လိုက်တာကြောင့်
သူ၏အာရုံအား ကျိရန်ဆီ ပေးပို့ရသည်"ပြောလေ ကျိရန် ဘာကိစ္စလဲ "
"ဟိုလေ.... ဒီတစ်ပတ် စနေနေ့ကျရင် ရှောင်းအိမ်တော်ကို ခနပြန်ချင်လို့"
မရဲတရဲပြောလာသည့် ကျိရန်ကြောင့် ရှောင်းကျန့် ခပ်ဟဟရယ်လိုက်ရင်း
"ရတာပေါ့ ဦးလေးနဲ့ ဒေါ်ကြီးကို သတိရနေပြီလား "
"ဟီးးး ဟုတ်တယ်ပဲပြောပါတော့ "
အကိုရှောင်းစိတ်ပူမှုစိုး၍သာ အလိုက်သင့်လေးဖြေလိုက်ရပေမယ့်
အမှန်တော့ ရှောင်းအိမ်တော်ကို ပြန်ဖို့က အဓိကမဟုတ်ဘဲ
ဆရာဝန်နဲ့ ဆွေးနွေးဖို့ ပြန်ရခြင်းသာ
အမေ့လွန်ခြင်းရောဂါ အကြောင်း ကုသဖို့ နှောင့်နှေးမနေသင့်ဘူးမလား
တော်ကြာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးနှောက်ကင်ဆာတို့ ဘာတို့ဆို မားနဲ့ပါး ရင်ကျိုးနေရအုံးမယ်"အိမ်ရောက်ရင်မားကို သတိပေးလိုက်အုံးနော် ကျိရန်
အကူထပ်လွှတ်ပေးမယ် ပြောထားတာ
မေ့နေလားပဲ ""ဟုတ် အကိုရှောင်း "
"အင်းပါ ဒါဆို ဝမ်ရိပေါ်ကြီးကို ဆန်ပြုတ်သွားတိုက်လိုက်အုံးမယ်
ဒါလေးတွေ ရှင်းထားပေးအုံးနော် "အပြုံးချိုချိုလေးတွေနဲ့စေခိုင်းတတ်သူ သခင်လေးမှာ အရာအားလုံး သိမ်းကျုံးလုပ်ပေးပစ်ချင်စရာ
စိတ်ထားလေးမှ အစ အပြုအမူများအထိ
ချစ်ဖွယ်ကောင်းသော ဤလူသားထံ အလုပ်အကျွေးပြုရခြင်းမှာ ကံကောင်းခြင်းတစ်မျိုး
ဒီလိုသခင်လေးအား ကိုယ်စိတ်နှစ်မျိုးလုံးဖြင့် မစော်ကားမိချင်ပါ
ဒါဟာတသက်တာစောင့်ထိန်းရမည့် ကျိရန်ရဲ့ ကိုယ်ကျင့်တရားသာပူပူလောင်လောင် ဆန်ပြုတ်ပန်းကန်လေးနဲ့ရေကျက်အေးကို သယ်ဆောင်ကာ မီးဖိုချောင်မှ ထွက်ခွာသော သခင်လေးရဲ့ ကျောပြင်သေးသေးအားကြည့်ကာ
ကျိရန်အရောင်မပါသော အပြုံးလေး ဆင်မြန်းမိတယ်
အရင်က ဘယ်လောက်ပင် အမြင်ကပ်ကြောင်းတဖွဖွ ဆိုခဲ့ပါစေ
အကိုဝမ်
နေမကောင်းဖြစ်ချိန် ကိုယ်တိုင်ပြုစုပေးလိုသော စိတ်ထားလေးက ချီးကျူးချင်စရာ
သခင်လေးက တကယ့်ကို ဖြူစင်သူလေး
ကျိရန်အတွက် စံထားလောက်စရာ
YOU ARE READING
မပြယ်သော အငြိုး