(zawgyi)
project က ထင်ထားတာထက် ပိုပင်ပန်း၏။
ခါတိုင်းဆို project စတာနဲ့ သတ်မှတ်ချိန်အထိ ညနေပိုင်း အတန်းတွေအကုန် ဖျက်ပေးလေ့ရှိသည်။
ဒီနှစ်ကျတော့ project အတွက် အချိန်နှစ်လ ပေးထားပေမယ့် နောက်လကျမှ ညနေပိုင်း အတန်းတွေကို ဖျက်ပေးမယ်တဲ့လေ။
ဖက်ရှင်ဆိုင်မဟုတ်ဘဲ ကုမ္ပဏီအသေးစားဆိုတော့ သာမန်ထက် ပိုကျယ်ဝန်းပြီး အခန်းဖွဲ့စည်းပုံကများ၏။
အဲ့တော့လည်း ဒီ ပထမလမှာ ရုန်းကန်နေရတာပေါ့။
ပိုဆိုးတာက ကျွန်တော့်မှာလည်း အသက်ဆက်ရှင်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေက လုပ်ရသေးသည်။
မနက်ဆို ကျောင်းမသွားခင် 5:30 ကနေ 8:30 ထိ cafe ဆိုင်တစ်ခုမှာ အရင်လုပ်၊ ပြီးရင် 9:00 ကနေ 3:30 အထိ အတန်းတွေတက်၊ ကျောင်းဆင်းတာနဲ့ Jaemin ရယ် junior နှစ်ယောက်နဲ့အတူ ဖက်ရှင်ဆိုင်မှာ ပြင်ဆင်ရတာ ညတိုင်း 9:00 လောက်မှ အိမ်ပြန်ဖြစ်သည်။ ဒါတင်မပြီးသေး အိမ်လခ ပေးနိုင်ဖို့အတွက် ညနက်ကြီး 10:00 ကနေ 1:00 အထိက 24/7 store တစ်ခုမှာပါ လုပ်ရ၏။
project ကလည်း တစ်နေ့ကို ငါးနာရီလောက် လူလေးယောက် ဝိုင်းလုပ်နေပေမယ့် ပထမလက ကုန်တော့မယ် သိပ်ပြီးအရာမတွင်သေး။
အချိန်ရော လူအင်အားရော ပိုလိုအပ်နေသည်။
အဲ့လိုနဲ့ သုံးပတ်လောက်ကြာတော့ တစ်နေ့ကို အိပ်ချိန် လေးနာရီလောက်နဲ့ ကျွန်တော် ဘယ်လိုမှ မတောင့်ခံနိုင်တော့။ လူလည်း မျက်ကွင်းညိုတွေနဲ့ zombie ရုပ်ပေါက်နေပြီ။
အရေးထဲ ဒီကြားထဲ Jeno နဲ့ Donghyuck တွဲနေကြတယ် ဆိုတဲ့ သတင်းတွေကြောင့် လူက ရူးသလိုလို ကြောင်သလိုလို ဖြစ်ချင်နေတာ။
ကိုယ်ရော စိတ်ရော တအားပင်ပန်းတာပဲ။
အဲ့တာကြောင့်လည်း အခု အတန်းထဲမှာ အိပ်ပျော်သွားတာဖြစ်ရမည်။
"Renjun . . ထတော့! အဲ့လို ဆက်အိပ်နေရင် ဇက်နာလိမ့်မယ်"
Jaemin လာနှိုးတော့မှ ကပျာကယာထရ၏။
YOU ARE READING
weak can't hide forever {renmin}
Random[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) "ကိုယ့်ရှေ့မှာတော့ မင်း သန်မာစရာမလိုပါဘူး အချစ်ရယ်" (unicode) "ကိုယ့်ရှေ့မှာတော့ မင်း သန်မာစရာမလိုပါဘူး အချစ်ရယ်" main: renmin side: nohyuck language: burmese start: 18.6.2021 end: 1.10.2021