Zawgyi
🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧
မိုးဦးရောင်စင်ဆိုတဲ့ Cafe ဆိုင်လေးရဲ့
ထောင့်တစ်နေရာမှာ ခြေနှစ်ဖက်ကိုစုထိုင်ရင်း
ဆိုင်ပြင်ဘက်ဆီက မိုးရေစက်များကို
လွမ်းမောဖွယ်ရာငေးကြည့်နေရှာတဲ့
ကောင်ငယ်လေးတစ်ယောက်...။သူထိုင်နေရာထိုင်ခုံလေးရဲ့
ရှေ့ဆီကစားပွဲထက်မှာလဲ
အရံသင့်ဖျော်ထားတဲ့ ကော်ဖီပူပူလေး
တစ်ခွက်ရှိသည်...။သူဟာကော်ဖီကိုလည်းစိတ်မဝင်စားသလို
အရာရာကိုလည်းမေ့လျော့ထားကာ
မိုးရေစက်လေးတွေကိုသာ လွမ်းမောသဖွယ်ငေးကြည့်နေသည်...။~သက်တန့်ရောင်စင်~
မိုးရာသီကိုရောက်လာပြီဆိုတာနဲ့
မသိစိတ်ရဲ့တစ်ထောင့်တစ်နေရာလေးကနေ
အလွမ်းတွေသည်းထန်လာရပြန်ပြီ...။နာကျင်မှုနဲ့ရစ်နှောင်ထားတဲ့ အလွမ်းတွေမို့
ရင်နာရပေမယ့် နာကျင်ခြင်းကိုပဲ
အသားကျနေတဲ့ ကျွန်တော့်အတွက်
မိုးစက်လေးတွေကတဖန် နာကျင်ရသော
အမှတ်တရတို့အား တူးဆွပြန်တယ်..။သို့ပေမယ့်လို့ အလွမ်းနဲ့အပြိုင်သည်းထန်စွာ ရွာသွန်းနေတဲ့မိုးစက်လေးတွေကိုလဲ ကျွန်တော် မရပ်တန့်စေလိုပါဘူး...။
ဒီတိုင်းလေး ဒီအခိုက်အတန့်ဆီကရလာတဲ့ နာကျင်မှုတစ်ဖုံဟာ သူ့ကြောင့်ဖြစ်တည်လာတာမို့ ကျွန်တော်မြတ်နိုးတယ်...။
မြေပြင်ပေါ်သို့တစ်ပေါက်ချင်းဆင်းသက်သွားတဲ့
မိုးစက်မိုးပေါက်တွေတိုင်းဟာလဲ အဓိပ်ပ္ပါယ်ကိုယ်စီဖော်ဆောင်နေကြမှာဖြစ်လို့...
ဒီတိုင်းလေးပဲကျွန်တော်နှစ်သက်ပါတယ်လေ...။ခုရွာနေတဲ့မိုးက တအိအိနဲ့တစ်နေကုန်ရွာမလား
ခဏတာရွာမလား ကျွန်တော်မသိဘူး...
ရွာသွန်းနေတဲ့ မိုးစက်လေးတွေ မြေပြင်ထက်သို့ အလီလီခုန်ပေါက်ပြေးဆင်းနေသည့်
တိုင်အောင်တော့ အတွေးထဲ သူသာစိုးမိုးနေဦးမှာ....။မိုးရွာတဲ့နေ့ဆိုဘာအလုပ်မှမဖြစ်လို့
စိတ်ညစ်သလိုရှိပေမယ့် ကျွန်တော် မိုးစက်လေးတွေကိုမြတ်နိုးတယ်...။