မိုးမစဲသေးသောနာကျင်မှုဒဏ္ဍာရီ

287 17 0
                                    

Zawgyi

🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧

မိုးဦးရောင်စင်ဆိုတဲ့ Cafe ဆိုင်လေးရဲ့
ထောင့်တစ်နေရာမှာ ခြေနှစ်ဖက်ကိုစုထိုင်ရင်း
ဆိုင်ပြင်ဘက်ဆီက မိုးရေစက်များကို
လွမ်းမောဖွယ်ရာငေးကြည့်နေရှာတဲ့
ကောင်ငယ်လေးတစ်ယောက်...။

သူထိုင်နေရာထိုင်ခုံလေးရဲ့
ရှေ့ဆီကစားပွဲထက်မှာလဲ
အရံသင့်ဖျော်ထားတဲ့ ကော်ဖီပူပူလေး
တစ်ခွက်ရှိသည်...။

သူဟာကော်ဖီကိုလည်းစိတ်မဝင်စားသလို
အရာရာကိုလည်းမေ့လျော့ထားကာ
မိုးရေစက်လေးတွေကိုသာ လွမ်းမောသဖွယ်ငေးကြည့်နေသည်...။

~သက်တန့်ရောင်စင်~

မိုးရာသီကိုရောက်လာပြီဆိုတာနဲ့
မသိစိတ်ရဲ့တစ်ထောင့်တစ်နေရာလေးကနေ
အလွမ်းတွေသည်းထန်လာရပြန်ပြီ...။

နာကျင်မှုနဲ့ရစ်နှောင်ထားတဲ့ အလွမ်းတွေမို့
ရင်နာရပေမယ့် နာကျင်ခြင်းကိုပဲ
အသားကျနေတဲ့ ကျွန်တော့်အတွက်
မိုးစက်လေးတွေကတဖန် နာကျင်ရသော
အမှတ်တရတို့အား တူးဆွပြန်တယ်..။

သို့ပေမယ့်လို့ အလွမ်းနဲ့အပြိုင်သည်းထန်စွာ ရွာသွန်းနေတဲ့မိုးစက်လေးတွေကိုလဲ ကျွန်တော် မရပ်တန့်စေလိုပါဘူး...။

ဒီတိုင်းလေး ဒီအခိုက်အတန့်ဆီကရလာတဲ့ နာကျင်မှုတစ်ဖုံဟာ သူ့ကြောင့်ဖြစ်တည်လာတာမို့ ကျွန်တော်မြတ်နိုးတယ်...။

မြေပြင်ပေါ်သို့တစ်ပေါက်ချင်းဆင်းသက်သွားတဲ့
မိုးစက်မိုးပေါက်တွေတိုင်းဟာလဲ အဓိပ်ပ္ပါယ်ကိုယ်စီဖော်ဆောင်နေကြမှာဖြစ်လို့...
ဒီတိုင်းလေးပဲကျွန်တော်နှစ်သက်ပါတယ်လေ...။

ခုရွာနေတဲ့မိုးက တအိအိနဲ့တစ်နေကုန်ရွာမလား
ခဏတာရွာမလား ကျွန်တော်မသိဘူး...
ရွာသွန်းနေတဲ့ မိုးစက်လေးတွေ မြေပြင်ထက်သို့ အလီလီခုန်ပေါက်ပြေးဆင်းနေသည့်
တိုင်အောင်တော့ အတွေးထဲ သူသာစိုးမိုးနေဦးမှာ....။

မိုးရွာတဲ့နေ့ဆိုဘာအလုပ်မှမဖြစ်လို့
စိတ်ညစ်သလိုရှိပေမယ့် ကျွန်တော် မိုးစက်လေးတွေကိုမြတ်နိုးတယ်...။

You've reached the end of published parts.

⏰ Last updated: Jun 24, 2021 ⏰

Add this story to your Library to get notified about new parts!

မိုးမစဲသေးသောနာကျင်မှုဒဏ္ဍာရီWhere stories live. Discover now