(Zawgyi)
"အပြင်သွားချင်လိုက်တာ"
တစ်ယောက်တည်းအိမ်မှာနေရတာ အရမ်းပျင်းဖို့ကောင်းလွန်းလို့ Jimin ရူးသွားမလားပဲ...။ တနေကုန် စားလိုက်အိပ်လိုက် TV ကြည့်လိုက်နဲ့လေ...။
Yoongi ကလည်း ခုတလော မနက်မိုးလင်းတာနဲ့အလုပ်သွားပြီး တော်တော်လေးနောက်ကျမှ အိမ်ပြန်ရောက်တတ်တယ်...။ Jimin ကတော့ တကူးတကစောင့်မနေပါ...။ သူ့ဘာသာပြန်ချင်တဲ့အချိန်ပြန်လာ Jimin မအိပ်သေးတဲ့အခါ ဝတ်ကျေတန်းကျေနှုတ်ဆက်လိုက်တယ်...။ ဒါပဲလေ...။ ပျင်းစရာတော့အကောင်းသား...။
ကျောင်းကိုလည်းပေးမတက်...။ သင်တန်းဘာညာလည်း တက်ခွင့်မပေး...။ ပျင်းလို့သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်ပါတယ်ဆိုတာကိုလည်း စိတ်မချလို့ဆိုပြီး ခွင့်မပြုပြန်...။ Jimin ဘဝက လှောင်အိမ်ထဲက ငှက်ငယ်ပမာ...။
သူ့အိမ်ကလူတွေကလည်း စိတ်ချရပါတယ်...။ Jimin ကိုမျက်စိဒေါက်ထောက်ကြည့်နေကြတာ...။ အပြင်မှာမုန့်ထွက်ဝယ်ဖို့ အကြောင်းပြတာကိုတောင် ဘာစားချင်တာလဲ သူတို့ဝယ်ပေးမယ်တဲ့လေ...။
Jimin ခုလိုအခြေအနေကြီးကို တကယ်မကြိုက်တော့ဘူး...။ တစ်နေ့တစ်နေ့ နေရထိုင်ရတာ မွန်းကြပ်လွန်းလှပြီ...။ ကိုယ်က ကလေးလည်းမဟုတ်ဘဲနဲ့ ခုလိုချုပ်ချယ်ထားတာတော့ လွန်တာပေါ့...။ နဂိုတည်းက သူ့ကိုမကြည်ဖြူပါဘူးဆိုနေမှ...၊၊
"Bae ရေ... ဘယ်မှာလဲ...??"
အောက်ထပ်ကသူ့အသံကြောင့် Jimin တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်မိတယ်...။ အခုမှ ညနေ၄နာရီပဲရှိသေးတာ...။ ဒီတစ်ခါပြန်လာတာကျ စောသားပဲ...။
"လိမ္မာတယ်... ဘယ်မှမသွားဘူးပဲ"
Jimin အသံလှမ်းပေးစရာတောင်မလို သူ့ဘာသာပဲ အခန်းထဲဝင်လာတယ်လေ..။ ဒါတင်မကသေး ကုတင်ပေါ်ထိုင်နေတဲ့ Jimin ကို မျက်နှာဆွဲမော့ကာ အနမ်းတွေပေးနေပြန်သေးတယ်...။ အမြင်ကတ်စရာလူကြီး...။
"ကျွန်တော်က သွားချင်တာကို"
"မသွားရပါဘူး... Bae ကို စိတ်မချဘူး... အပြင်သွားတာနဲ့ လူတွေက အရမ်းလှတဲ့ Bae ကိုဝိုင်းငမ်းကြမှာ.. တွေးကြည့်တာနဲ့တင် သဝန်တိုတယ်... မသွားနဲ့"
YOU ARE READING
Love & Hate Relationship (Completed)
Fanfictionချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ အလွှာပါးပါးလေးတခုပဲခြားထားတယ်... အဲဒီ့အလွှာလေးကိုဖယ်ခွာနိုင်ရင် မင်းအရမ်းမုန်းနေတဲ့သူကိုလည်း ချစ်မိသွားလိမ့်ဆိုတာ အသေအချာပါပဲ... A Yoonmin & Taekook fanfiction