Invaluable

20 1 0
                                    

The invaluable person who is one & only ❤

🎵~~မနက်ခင်းပွင်းတဲ့ ပန်း​လေးထက်ကိုပို​မွှေးတာ~~~ချစ်သမီး​လေးရဲ့~~ပါးနုနု​လေး​တွေမှာ~~🎵
ငှက်က​လေးများရဲ့​တေးချင်းထက်ကိုချိုမြတာ~~~🎵
ချစ်သမီး​လေးရဲ့~~စကား​​လေးများကြားစဥ်အခါ~~~🎵

သီချင်းသံသဲ့သဲ့ကိုကြား​နေ​ရပေမယ့် အိပ်မက်လား တကယ်လား​ရေ​ရေရာရာမသိ၊ မျက်လုံးကိုလက်နဲ့ပွတ်ရင်းသီချင်းသံကိုကြား​နေရင်းမှ ဒီသီချင်းလာတိုင်းအမြဲလိုက်ဆိုနေကျရင်းနှီး​နေတဲ့အသံတစ်ခုနဲ့အတူ "မီးမီး​ရေ....ထ​တော့​လေ၊ နာရီကိုလည်းကြည့်ပါဦး ၈နာရီထိုး​နေပြီ" ဆိုတဲ့အသံကိုကြား​လိုက်ရတယ်။ ဒါဆို​သေချာပြီ...သူဆိုင်ကပြန်လာပြီ​ပေါ့....ထမယ်အလုပ်မျက်လုံးကိုဖွင့်ပြီးနာရီကိုကြည့်​တော့​​ဝေ​ဝေဝါးဝါးနဲ့မြင်လိုက်ရတာ ၇:၄၅ ....ထုံးစံအတိုင်း နည်းနည်းတော့ပိုလိုက်ရမှ​​ကျေနပ်သူကြီးလို့ စိတ်ထဲက​တွေး​​နေရင်း "​ဖေကလဲ ​ကျောင်းပိတ်ရက်​​လေးတစ်ခါတ​စ်လေအိပ်ရတာကို" လို့မျက်လုံး​သေချာမပွင့်​သေး​ပေမဲ့ အရင်ဆုံးရန်ပြန်​တွေ့ရမှ​​ကျေနပ်တာကျွန်မရဲ့အကျင့်ဆိုး​လေး

🎵~~ဘာမဆိုရင်ဆိုင်ကာတိုက်ခိုက်ဖို့အသင့်ပြင်ထား~~~​ပျော်ရွင်ပါ​စေတသတ်လုံး...သမီး​လေးရဲ့ကိုယ်စား~~🎵

စကား​​ပြော​သံ​တွေကြား Radioကကြား​နေရဆဲသီချင်းသံ​လေးကိုနား​ထောင်​နေရင်းပြုံးပြီးထိုင်​နေမိ​သေးသား......ဒါ​ပေမယ့်နောင်တစ်ချိန်မှာဒီသီချင်းကြားရင်မျက်ရည်လည်မဲ့ ကျွန်မအဖြစ်ကိုဘယ်သူမှမသိ​သေးသလို ကိုယ်တိုင်လည်းသတိမထားမိခဲ့ပါဘူး....

ကျွန်မဘ၀မှာအစားထိုးလို့မရတဲ့သူ​တွေရှိပါတယ်။ အဲ့ဒီထဲကမှထိပ်ဆုံးမှာရှိတဲ့သူက​တော့ ကျွန်မအ​ဖေ​ပေါ့။ ကျွန်မကိုယ်ကျွန်မထက်​တောင် ကျွန်မစိတ်ကိုပိုနားလည်​ပေးတတ်တဲ့အ​ဖေ၊
ကျွန်မမျက်ရည်ကျရင်အရမ်း​ဒေါသထွက်တတ်တဲ့အ​ဖေ၊ အရက်မူး​နေရင်​တောင်မူး​နေတာကိုမသိ​စေချင်ပဲဟန်​ဆောင်​ကောင်းလွန်းခဲ့တဲ့​​အ​ဖေ။
အ​ဖေကကျွန်မဘဝရဲ့စံပြပုဂ္ဂိုလ်တစ်ဦးပါ။

The Invaluable Person Who Is One & Only ❤Where stories live. Discover now