အခန်းရဲ့ ပြတင်းပေါက်လိုက်ကာလေးကတလွင့်လွင့်နှင့် လေတိုးသလောက်လွင့်မျောနေလေသည်။ မနက်ခင်းရဲ့နေရောင်ကလည်း ခပ်ဖျော့ဖျော့ ၊ အပြင်လောကကိုငေးကြည့်ပေမဲ့ အရာရာဟာနေသားတကျ.....။ နေဟာပုံမှန်တိုင်း ထွက်လာပြီ လေထုကလည်းနေရာအနှံပြေးလွှားတိုက်ခတ်နေသည်....။
ငေးမောနေရခြင်းကို အချစ်လို့ သတ်မှတ်ခဲ့တယ်။ မရောင့်ရဲတတ်တဲ့နှလုံးသားမို့ ငေးမောခြင်းနဲ့တင် မရပ်တန့်နိုင်ခဲ့ဘူး...။ အဲ့ဒါကြောင့် အချစ်ကို အချစ်လို့ပဲ သတ်မှတ်ခဲ့တယ်တစ်ဖက် သတ်အချစ်လို့ ခေါင်းစဥ်မတပ်ချင်....။ တစ်ဖက်ကိုသတ်နေတဲ့ချစ်ခြင်း တွေ လို့ ခေါင်းစဥ်တပ်ရလောက်အောင် သွန်း ချစ်ခြင်းတွေကလွှာဖို့နာကျင်စေတာ တစ်စုံတစ်ရာမရှိ...။ တစ်ခုတော့ရှိမယ် တစ်ဖက်ကသေလောက်တဲ့အထိချစ်မြတ်နိုးနေတာကတော့ချွင်းချက်ပေါ့...။
' ဒေါက်... ဒေါက်... ´
တံခါးခေါက်သံကြောင့် သွန်း အတွေးစတွေကိုဖြတ်ပြီ အခန်းထဲဝင်လာတဲ့ ငယ့်ကိုပြုံးပြလိုက်သည်...။
' မမသွန်း သက်သာပြီလား ´
နှစ်လိုဖွယ်အပြုံးလေးဖြင့် သွန်းအနားမှာထိုင်၍ ငယ်တစ်ယောက်စိုးရိမ်နေသောမျက်ဝန်းတွေနဲ့ မေးလိုက်သည်။
' သက်သာပြီ ငယ် ၊ ကျေးဇူးတင်ပါတယ် သွန်းကိုဂရုစိုက်ပေးမှုတွေအတွက် Gym မသွားတာလားအစောကြီးရောက်လာလို့မေးကြည့်တာ ´
' အင်း တခြား trainer ရှိတယ်လေ ၊ အဆင်ပြေပါတယ် သက်သာတာသေချာပြီလား ဒီနေ့ဘာစားချင်လဲ ငယ်အားတယ် ချက်ကျွေးမယ်လေ ၊အခန်းထဲအောင်းနေတာဘယ်နှစ်ရက်ရှိပြီလဲ ´
ဟုတ်ပါရဲ့ ။ ငယ်ပြောမှပဲ လူရောစိတ်ရောနေမကောင်းနေတာနှင့် အခန်းထဲအောင်းနေတာရက်အတော်ရှိနေပြီ ။ လွှာတစ်ယောက် company မှာအဆင်မှပြေမလား အတွေးကဝင်လာတော့ သွန်းကုတင်ပေါ်ကဆင်း၍အကျီလဲဖို့အဝတ်ဗီရိုကိုဖွင့်လိုက်သည်။
' မမသွန်း ဘယ်သွားမလို့လဲ ၊ ငယ် ဟင်းချက်ကျွေးမလို့ပါဆိုနေ ´
' company သွားရမယ်လေ ငယ် ၊ လွှာတစ်ယောက်ထဲအလုပ်တွေပုံနေတော့မှာ ၊ ငယ် စိတ်မရှိပါနဲ့ နော် ´
