အေးမြလှသည့် ကလောမြို့၏ ထုံးစံသဘာဝ မနက်ခင်းအအေးဓာတ်ကြောင့် ဒီကနေ့ ပူတင်းနှင့်သန့်ရှိန်တို့မိသားစု အနွေးထည်ကိုယ်စီနှင့် လည်ပတ်ရန်အသင့် ဖြစ်နေကြပြီ။
မနက်က သန့်ရှိန်တစ်ယောက် ပူတင်းမနိုးခင် သူ့အိမ်သူ ပြန်ပြေးခဲ့ရပါသည်။ဖေကြီးစီမှ ''မင်း ရုတ်ရက်ပျောက်သွားလို့ ဘယ်သွားတာလဲလို့ စိတ်ပူသွားတာ ရောင်ဝါ့ကို ဖုန်းဆက်မှ ငါ့အိမ်မှာဆိုတော့မှ သက်မချနိုင်တယ် တစ်ခုခုဆို ပြောသွားပါလားကွ'' ဟူ၍တောင် အဆူခံလိုက်ရသေးသည်။
ထားပါတော့..အဆူခံရအောင် လုပ်သည့်အဓိက တရားခံလေးမှာ သူ့ခြံထဲမှ လှုပ်တုပ်လှုပ်တုပ်ဖြင့် ကားရှေ့တွင် ရပ်နေသော သန့်ရှိန်စီသို့ အပြေးလာလေပြီ။
"ရော်..လဲမယ်လေဗျာ ဖြည်းဖြည်းလာလဲ ကိုကိုက ထွက်မပြေးပါဘူး''
"ဟီးဟီး မလဲဘူး ကလေးမဟုတ်ပါဘူးနော်''
ဆူလိုက်တော့ ဒီနေ့ ဘယ်လောက်တောင် စိတ်ပျော်နေလို့လဲမသိ..ကောက်စိန်လေးက ရယ်တောင်ရယ်နေပြီး ပြန်တောင်စနေလိုက်ပါသေးသည်။ဒီကနေ့ ကောင်ငယ်လေးက ခါတိုင်းနေ့များထက်တောင် ပို၍ပင် ချစ်ဖို့ကောင်းနေ သလို..
အဖြူရောင် shirt လက်တိုလေးကို အပေါ်မှအညိုရောင် သိုးမွှေးလက်ရှည်အနွေးထည် လေး ထပ်ဝတ်ထားပြီး အဖျားတွင် အဖြူရောင်လှိုင်းတွန့်လေးများပါ ကွပ်ထားသေးသည်။အသားရောင်style pantပွပွလေးနှင့် တကယ်ကို ကိုရီးယားစပ်လေးလို့ မပြောရ ကိုရီးယားစတိုင်နှင့် ဖြူလုံးလုံးလေး။အုပ်ကျနေသော ဆံပင်လုံးလုံးလေးက အသားဖြူဖြူပါးဖောင်းဖောင်းမျက်နှာကျလေးနှင့် လိုက်ဖက်နေသည်။ဖြူဖွေးသော လည်တိုင်လေးတွင်လည်း ကင်မရာအပြာရောင်လေးကို ဆွဲထားသေးသည်။တကယ်ကို ချစ်မွှေးလေးလို့ ဖွဲ့ဆိုရမည်ဆို ဒီကောင်လေးပုံလေးမှာ ငြင်းရက်စရာမရှိ။
အဖြူရောင်သိုးမွှေးhoodieပွပွဝတ်ဆင်ထားကာ အညိုဘက်သွားသော အသားရောင်ဘောင်းဘီ ဒူးအကျော်ဝတ်ဆင်ထားသည်က သွယ်လျသော ခြေတံနှင့် ဝင်းဝါသောခြေဖမိုးတို့၏ အလှကို မြှင့်တင်ပေးထားသယောင်။အရပ်၆ပေ အသားဖြူဖြူနှင့် ၂၁ရာစုကောင်မလေးများ၏ စိတ်ကူးထဲမှ boyfriend material ပုံစံမျိုးနှင့် ကိုက်ညီလှသည့် သန့်ရှိန်မှာ ကလောမြို့နှင့်အပြိုင် ချောမောနေသည်အလား။

YOU ARE READING
ကလောမြေ သက်သေတည်၍ချစ်သည်
Romanceရက်လနှစ်တွေအလီလီ ပြောင်းလဲသွားတောင် ဤဘဒ္ဒကမ္ဘာတွင် ကျွန်တော်တို့နှစ်ယောက် မရှိကြတော့တောင် ဘဝအဆက်ဆက် ထပ်မဆုံဖြစ်ကြရင်တောင် ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့လေးတွင် ဖြစ်တည်ခဲ့သော ကောင်လေးနှစ်ယောက်၏ နူးညံ့စင်ကြယ်သော ချစ်ခြင်းမေတ္တာသည် အစဥ်ထာဝရ တည်တ...