ကျွန်တော် ဒီနေရာမှာ ရပ်နေရတာ အချိန်အတော်လေးကို ကြာနေပြီ။အခန်းလေးက တော်တော်ကျဥ်းပုံရပြီး အလင်းရောင်ဝင်နိုင်တဲ့ ပြတင်းကလည်း တစ်ခုသာရှိလေသည် ထိုအလင်းရောင်တောင်မှ အကျိုးအပျက်တွေကြားထဲက အလင်းကျဲကျဲလေးသာ ဖျာကျနေသည်။ဒါက ကျွန်တော့်ကို အသက်ရှူကျပ်စေသည်။ ပိတ်လှောင်ခံထားရပြီး သံကြိုးပေါင်းများစွာနဲ့လည်း ရှုပ်ရှတ်ခတ်နေအောင် အချည်ခံထားရတာကြောင့် ကျွန်တော်လုပ်နိုင်တဲ့အရာက ကြည့်နေတာနဲ့ နားထောင်နေတာပဲ တတ်နိုင်သည် ။
ရင်းနှီးနေတဲ့ တံခါးဖွင့်သံကို ကျွန်တော်ထပ်မံကြားလိုက်ရပြန်သည်။
သူပြန်လာပြီထင်တယ်....။
သူက ကျွန်တော့်ကို အကြာကြီး အကျဥ်းချထားခဲ့ပြီး အချိန်ဘယ်လောက်ကြာသွားတယ်ဆိုတာတောင် မမှတ်မိနိုင်တော့ပေ တကယ်တော့ ကျွန်တော် နောက်ဆုံးအကြိမ် နေ ဒါမှမဟုတ် လ ကိုမြင်ခဲ့ရတာတောင် ဘယ်တုန်းကမှန်း မသိတော့တာဖြစ်သည်။ တစ်ရက်လား၊.....နေ့တစ်ဝက်လား၊.....ခင်ဗျားတို့သိလား လူတွေက နာကျင်ခံစားနေရတယ်ဆိုရင် အချိန်တွေက အရမ်းနှေးတယ်။ အဲ့တာက နိယာမပဲ။
"တစ်ခ်..."
သူက ပြတင်းကို ဖွင့်လိုက်ပြီး ကျွန်တော့်ကို ငုံ့ကြည့်လာသည်။ သူ့ရဲ့မျက်နှာက ကျွန်တော်နဲ့ အရမ်းနီးနေတယ်ထင်သည် ဒီမြေအောက်ခန်းက မျက်နှာကြက်ကိုပါ လှမ်းထိနိုင်လောက်အောင် နိမ့်သောကြောင့်လည်း ဖြစ်နိုင်သည်။ အိုခေ၊ တကယ်တော့ မထိနိုင်ပါဘူး ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို ချည်တုပ်ထားတယ်လေ။
သူက တော်တော်လေးချောသည်။ တကယ်လို့ ရှောင်ရူသာ သူ့ကို မြင်မယ်ဆိုရင် အသားကုန်အော်ပြီး ရူးတောင်သွားလောက်သည်။
ရှောင်ရူက ဘယ်သူလဲ။
သူက ကျွန်တော့်ရဲ့ ကောင်မလေး ထင်တယ်။
သူက ကျွန်တော့်ကောင်မလေးမဟုတ်ဘူးဆိုရင်တောင်မှ ကျွန်တော့်ကို လိုက်နေတဲ့ကောင်မလေးဖြစ်ရမည်။ ကျွန်တော်က အရမ်းချောတာကြောင့် ကျွန်တော့်ကို လိုက်နေတဲ့သူတွေ အမြဲတစေရှိတတ်သည်။ ခင်ဗျားတို့တွေ့တယ်မလား ။အခုတောင် ကျွန်တော့်ကို နှာဘူး stalker တစ်ကောင်က ကြိုးတုပ်ပြီး ဖမ်းထားတယ်လေ။
YOU ARE READING
IMPRISONED(One Shot)
Short Storyဒီကမ္ဘာမှာ ငါ့လောက် မင်းအပေါ် ဘယ်သူမှ မချစ်နိုင်ဘူး။ Original author : 莫晨欢 Publisher : jjwxc