Part 14

2 0 0
                                    

At Diamond Hospital...

"ဒီမှာခင်ဗျ။ ကျွန်တော့်ကို Yoon Jeonghan ဆိုတဲ့နာမည်ရှိတဲ့ အခန်းရှာပေးပါ။"

Yoon Jeonghan တစ်ယောက် Car accident ဖြစ်ပြီးဆေးရုံရောက်နေတာ။ Joshua သိတော့ သူက Taehyung ဆီသွားခါနီး။ ဒါပေမဲ့ Taehyung ဘေးမှာ Jungkook ရှိနေတယ်လေ။ ဘယ်သူ့မှဘေးမှာမရှိတဲ့ Yoon Jeonghan ကသူ့အတွက်ပိုအရေးကြီးတာပေါ့။ ဒါကြောင့်လည်းသူ  Jeonghan ဆီလှည့်သွားခဲ့တာပေါ့။ဟိုရောက်တော့...

"Jeonghan!!!"

ခေါ်ရင်းနဲ့အခန်းတံခါးကိုဖွင့်လိုက်တော့

*ဘာလို့ မျက်လုံးကိုပိတ်အဖြူနဲ့အုပ်ထားတာလဲ*

Joshua တစ်ယောက်အတွေး‌တွေနဲ့‌ငြိမ်ပြီးရပ်နေတယ်။

"လူနာရှင်လားမသိဘူး"

ခုတင်ဘေးမှာရပ်နေတဲ့ဆရာဝန်ကခေါ်လိုက်တော့မှသတိရသွားပြီး...

"ဗျာ!!!"

"လူနာရှင်လားလို့"

"ဟုတ်ကဲ့။ ကျွန်တော်သူ့သူငယ်ချင်းပါ"

Boyfriend လို့ပြောချင်ပေမဲ့အ‌ခြေအနေအရသူပြောင်းပြောလိုက်ရတယ်။

"ဒါနဲ့ဆရာ လူနာကဘာဖြစ်တာလဲခင်ဗျ။ ပိတ်အဖြူကြီးကဘာလို့..."

"ဪ။ ကျွန်တော်အခုအဲ့တာလေးရှင်းပြမလို့ပါ။ သူကအခု Car accident ဖြစ်လို့ရောက်လာတယ်ပေါ့နော်။နောက်တစ်ခုက Car accident ဖြစ်တာကတော့သူ့အမှားကြောင့်မဟုတ်ပါဘူး။ ဒါပေမဲ့တစ်ခုရှိတာကရဲတွေစစ်ဆေးတဲ့အခါမှာ Yoon Jeonghan ကကားမောင်းတဲ့အချိန်မှာ Alcohol သောက်ထားတယ်ဆိုတာပါနော်။ အဲ့ကိစ္စကတော့လူနာ‌နေပြန်ကောင်းတော့မှရဲစခန်းနဲ့ဆက်ရှင်းရပါမယ်။အခုလူနာကပွန်းရာပဲ့ရာကလွဲပြီးထွေထွေထူးထူးထိခိုက်မှု‌ကြီးကြီးမားမားမရှိပါဘူး။
တစ်ခုကတော့ဦးခေါင်းကိုထိသွားပါတယ်။ ဦးခေါင်းမှာမှအမြင်အာရုံနဲ့ဆိုင်တဲ့အာရုံကြောထိခိုက်မှုတွေရှိပါတယ်။ဒါကြောင့်မို့လို့လူနာဟာမျက်လုံးမြင်ရဖို့အတွက်အခွင့်အရေးတော်တော်နည်းပါတယ်။ကျွန်တော်တို့ခန့်မှန်းရသလောက်ဆိုရင်တော့မျက်ကြည်လွှာသာအစားထိုးလို့ရခဲ့မယ်ဆိုရင်တော့မျက်လုံးပြန်မြင်လာနိုင်ပါတယ်။ကျန်တာကတော့ဟောဒီကလူနာရှင်ကပဲစဉ်းစားပါဗျာ။"

ဆရာဝန်ရဲ့စကားကိုကြားတော့ Joshua ဆိုအိမ်မက်မက်နေသလားတောင်ထင်မိတယ်။

*ဘာတဲ့ မျက်စိမမြင်ရတော့ဘူး။ မျက်ကြည်လွှာအစားထိုးမှရမယ်ဟုတ်လား။ ငါတောင်တစ်ခါမှမကြားဖူးတာမျိုးတွေ။ ဘာတွေတုန်း*

Joshua ရဲ့စိတ်ထဲမှာပူထူသွားပေမဲ့ သူ့စိတ်ကိုသူပြန်ထိန်းလိုက်ပြီး Jeonghan ကိုပြုစုပေးဖို့ကိုသာအာရုံစိုက်နေလိုက်တော့တယ်။ 


All I need is ...... You!Where stories live. Discover now