- 2 -

1.7K 366 9
                                    

အထက်တန်းရောက်တော့ လူပျိုပေါက်တွေ ဖြစ်လာတာနဲ့အတူ ခန္ဓာကိုယ်တွေရော၊ အသံတွေပါ သိသိသာသာ ပြောင်းလဲလာတယ်။ ချန်းယောလ်ကလည်း ဘတ်ဟျွန်းလိုက်မမှီအောင်ကို အရပ်ရှည်နေတုန်းပဲ။ အရပ်ရှည်ရှည် အသံဩဩနဲ့ ချန်းယောလ်က နှလုံးရောဂါသည်ဆိုတာကို မေ့ထားရင် ကောင်မလေးတွေကြားမှာ ရေပန်းစားတယ်။

လူပျိုဖြစ်လာတာနဲ့အညီ ချန်းယောလ်က ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတယ်။ အဲ့ဒီတော့ ပတ်ချန်းယောလ်က အသည်းခွဲလူမိုက်ဆိုပြီး နာမည်တွင်တယ်။ ငယ်ငယ်တုန်းက ဘတ်ဟျွန်းရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်နေကျ လက်ဖဝါးထဲမှာ မိန်းကလေးများစွာရဲ့ လက်တွေက နေရာယူလာတယ်။​

ဘတ်ဟျွန်းက တစ်ယောက်ဆိုတစ်ယောက်ပဲ ထားဖို့ပြောရင် ' မသေခင်လေး ရည်းစားထားရတာ။ တစ်ယောက်တည်းထားရင် ဘယ်တန်ပါ့မလဲ ' တဲ့။

ကောင်မလေးရှိနေတဲ့အချိန်ဆို ဘတ်ဟျွန်းက ချန်းယောလ်အနား မနေရဘူး။ စားချိန်သောက်ချိန်၊ ကျောင်းဆင်းချိန်၊ စာလုပ်ချိန်တွေကအစ ရည်းစားနဲ့ တပူးပူးတွဲတွဲ။ အဲ့လိုအချိန်ဆို ချန်းယောလ်ရဲ့ ခပ်လှမ်းလှမ်းမှာ ချန်းယောလ်ဘာလိုအပ်မလဲ စိတ်ပူသလို အကဲခတ်နေတဲ့ မျက်နှာလေးနဲ့ ရှိနေတတ်တယ်။

မျက်စိအောက်ကပျောက်သွားရင် ချန်းယောလ်ကို စိတ်တွေပူပြီး ထိုင်မရထမရ ဖြစ်နေတတ်တယ်။ ချန်းယောလ် ဘယ်လိုပဲရှုပ်ရှုပ် ဘတ်ဟျွန်းက စိတ်မဆိုးတတ်ပေမယ့် ရည်းစားနဲ့ချိန်းတွေ့ဖို့ အတန်းလစ်ရင်တော့ ဘတ်ဟျွန်းက အကြီးအကျယ် စိတ်ဆိုးတတ်တယ်။

ရည်းစားတွေ မပြတ်တဲ့ ချန်းယောလ်ကို ကြည့်ရင်း စိတ်ထင်တာလား မသိပေမယ့် ချန်းယောလ်က ကြာလေ စိမ်းကားလာလေဆိုတဲ့ အတွေးတွေကိုလည်း ဘတ်ဟျွန်း တွေးနေတတ်ပြီ။ ဒီလိုနဲ့ ဘတ်ဟျွန်းက တဖြည်းဖြည်း ချန်းယောလ်နဲ့ ဝေးလာတယ်။ ဒါပေမယ့် သူပျော်နေပါစေဆိုတဲ့စိတ်နဲ့ ပြဿနာတစ်စုံတရာမလုပ်ခဲ့ဘူး။

ဘတ်ဟျွန်းက သူ့နှလုံးသားထက် ချန်းယောလ်ရဲ့နှလုံးသားကို ပိုပြီး ဂရုစိုက်တယ်။

ဒါပေမယ့် ချန်းယောလ်ရဲ့ ဆေးသောက်ချိန်တွေ၊ ဆေးရုံသွားရမယ့် အချိန်တွေမှာတော့ ဘတ်ဟျွန်းက ဘေးမှာအတူရှိနေတုန်းပဲ​။

CLOVER [COMPLETED]Where stories live. Discover now